ယောသပ်သည် ဂျုံစပါးကို ပင်လယ်သဲပွင့်နှင့်အမျှ မြောက်မြားစွာစုဆောင်းထား၏။ မခြင်တွယ်နိုင်အောင်များပြားလှသဖြင့် စာရင်းမမှတ်ဘဲနေလေ၏။
ဟဗက္ကုတ် 1:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အားလုံး အကြမ်းဖက်မှုပြုရန် ရှေ့တည့်တည့်သို့ မျက်နှာမူလျက် ချီတက်လာကြပြီ။ သုံ့ပန်းများကိုလည်း သဲလုံးနှင့်အမျှ သိမ်းပိုက်နိုင်လေပြီ။ Common Language Bible ``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။- Garrad Bible ထို အ လုံး အ ရင်း သည်၊ ရှေ့ သို့ မူ သော မျက် နှာ နှင့် ချီ လာ လျက်၊ ကြမ်း ကြုတ် စွာ လုပ် ကြံ ခြင်း၊ Judson Bible ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှာ လာကြ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဖမ်းမိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။ |
ယောသပ်သည် ဂျုံစပါးကို ပင်လယ်သဲပွင့်နှင့်အမျှ မြောက်မြားစွာစုဆောင်းထား၏။ မခြင်တွယ်နိုင်အောင်များပြားလှသဖြင့် စာရင်းမမှတ်ဘဲနေလေ၏။
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
‘ငါ့အသိုက်အမြုံတွင် ငါသေရလိမ့်မည်။ ငါအသက်ရှင်ရသောနေ့တို့သည် သဲပွင့်နှင့်အမျှ များဦးမည်။
ထိုအတွေးအကြံတို့ကို ရေတွက်မည်ဆိုလျှင် သဲပွင့်များထက်မက များပြားကြပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်နှင့်အတူ ဆက်၍ရှိနေဦးမည်။
ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ရန်သူတို့ကိုအမိန့်ပေး၍ ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် ဤမြို့ကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ကြလိမ့်မည်။ ငါသည် ယုဒမြို့ရွာတို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုနေ့ရက်၌ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့အား “တောကန္တာရရှိတောင်ကတုံးမှ လေပူသည် ငါ၏လူမျိုးသမီးပျိုထံလာလိမ့်မည်။ သန့်ရှင်းသွားစေရန် လှေ့ထုတ်သောလေမဟုတ်။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
ထိုအပင်ကို ပြောင်းစိုက်လျှင်လည်း ရှင်သန်မည်လော။ အရှေ့လေတိုက်သောအခါ ညှိုးနွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ စင်စစ် မိမိပေါက်ရာအရပ်၌ပင် ညှိုးနွမ်းသွားရလိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့သော် ထိုစပျစ်ပင်သည် ဒေါသတကြီး ဆွဲနုတ်ခံရ၏။ မြေပေါ်၌ ပစ်ထားခံရ၏။ အရှေ့လေတိုက်သောအခါ သူ၏အသီးတို့သည် ခြောက်သွေ့ကုန်၏။ သန်မာသောအကိုင်းအခက်တို့သည် ကျိုးပဲ့၍ခြောက်သွားပြီး မီးရှို့ခံရလေ၏။
သူသည် မိမိနိုင်ငံတစ်နိုင်ငံလုံး၏အင်အားဖြင့် တောင်ဘုရင်ထံဝင်ရောက်၍ ငြိမ်းချမ်းရေးရယူရန် ကြံစည်လိမ့်မည်။ ပြည်ကိုဖျက်ဆီးရန် မိန်းမပျိုများကို တောင်ဘုရင်အား ဆက်သလိမ့်မည်။ သို့သော် ထိုအမှုသည် အောင်မြင်မည်မဟုတ်၊ သူ့အတွက် အကျိုးပြုမည်မဟုတ်။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
သူသည် ညီအစ်ကိုများထဲတွင် အသီးများစွာသီးတတ်သော်လည်း အရှေ့လေတည်းဟူသော ထာဝရဘုရား၏လေသည် တောကန္တာရမှတိုက်လာ၍ သူ၏စမ်းရေတွင်းနှင့်ရေထွက်ပေါက်တို့သည် ခန်းခြောက်လိမ့်မည်။ ဘဏ္ဍာတိုက်ရှိအဖိုးတန်ရတနာအားလုံး တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။
ဤသို့ဖြင့် သူတို့သည် မိမိတို့ပိုက်ကွန်ကို အမြဲသွန်ချနေရမည်လော။ လူမျိုးတကာတို့ကို မညှာမတာ အမြဲသတ်ဖြတ်နေရမည်လော။
ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။
ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။