ကမ္ဘာကြီးကို တောကန္တာရကဲ့သို့ဖြစ်စေသောသူ၊ မြို့များကိုဖြိုဖျက်သောသူ၊ အချုပ်ခံရသောသူတို့ကို အိမ်သို့ပြန်ခွင့်မပေးသောသူကား ဤသူလော”ဟု တွေးဆကြလိမ့်မည်။
ဟဗက္ကုတ် 1:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောသူများဖြစ်ပြီး သူတို့ကိုယ်တိုင် ဥပဒေကိုပြဋ္ဌာန်း၍ အာဏာပြကြ၏။ Common Language Bible လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။ Garrad Bible ထို လူ မျိုး သ ည် ကြောက် ရွံ့ ထိန့် လန့် ဖွယ် ဖြစ် လျက်၊ ကိုယ့် ရာ ဇ သတ် နှင့် အာ ဏာ ပိုင် ခြင်း ကို၊ အ လို အ လျောက် ပေါ် ထွက် စေ၏။ Judson Bible အလွန်ကြောက်မက်ဖွယ်သော သူဖြစ်၍ ကိုယ်အလိုအလျောက် တရားစီရင်ဆုံးဖြတ်ကြ၏။ |
ကမ္ဘာကြီးကို တောကန္တာရကဲ့သို့ဖြစ်စေသောသူ၊ မြို့များကိုဖြိုဖျက်သောသူ၊ အချုပ်ခံရသောသူတို့ကို အိမ်သို့ပြန်ခွင့်မပေးသောသူကား ဤသူလော”ဟု တွေးဆကြလိမ့်မည်။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ရုပ်တုကြီးတစ်ခုကို မြင်မက်ပါ၏။ အလွန်ကြီးမားတောက်ပပြောင်လက်သော ထိုရုပ်တုသည် မင်းကြီးရှေ့တွင်ရပ်လျက် တည်ရှိပါ၏။ ထိုရုပ်တု၏ပုံသဏ္ဌာန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပါ၏။
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
သင်သာ ချဉ်းကပ်၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောအရာရှိသမျှတို့ကို နားထောင်၍ သင့်အား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်ဆိုသောအရာရှိသမျှတို့ကို အကျွန်ုပ်တို့အား ဆင့်ဆိုပါ။ အကျွန်ုပ်တို့သည် နားထောင်၍ လိုက်နာပါမည်’ဟု ဆိုကြ၏။