ဟေရှာယ 9:20 - မြန်မာ့စံမီသမ္မာကျမ်း လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။ Common Language Bible နေရာတကာတွင်လူတို့သည်မိမိတို့ရနိုင် သမျှသောအစားအစာများကိုစားကြ သော်လည်း အာသာမပြေဘဲရှိလိမ့်မည်။ သူ တို့သည်မိမိတို့၏သားသမီးများကိုပင် ပြန်၍စားကြပါသည်တကား၊- Garrad Bible လက်ျာ က ခုတ် ယူ ခြင်း၊ လက် ဝဲ က ခဲ မျို ခြင်း ပြု ကြ သော် လည်း မ ဝ၊ ငတ် မွတ် ခြင်း ရှိ သေး လျက်၊ မ နာ ရှေ အ နွယ် သည် ဧ ဖ ရိမ့် အ နွယ် ကို လည်း ကောင်း၊ ဧ ဖ ရိမ့် အ နွယ် သည် မ နာ ရှေ့ အ နွယ် ကို လည်း ကောင်း၊ ထို နှစ် နွယ် လုံး ပင် ယု ဒ လူ မျိုး ကိုလည်း ကောင်း၊ ကိုယ့် လက် ရုံး သား သ ဖွယ်၊ အ ချင်း ချင်း စား မျို ကြ ရ ၏။ ထို မျှ ဖြစ် သော် လည်း၊ အ မျက် တော် မ ပြေ၊ လက် ရုံး တော် မ ရုပ် သေး လေ စွ တ ကား။ Judson Bible လက်ယာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။ |
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဆင်းရဲသောသူတို့၏သားဦးတို့သည် ကျွေးမွေးခြင်းခံရကြလိမ့်မည်။ နွမ်းပါးသောသူတို့သည် ဘေးကင်းလုံခြုံစွာအိပ်ရကြလိမ့်မည်။ သို့သော် သင်၏အမြစ်ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ငါသေစေမည်။ သင်၏အကြွင်းအကျန်သည်လည်း သတ်ဖြတ်ခြင်းခံရမည်။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
သင်သည် စားရသော်လည်း ဝလင်မည်မဟုတ်။ ဝမ်းဟာနေလိမ့်မည်။ နောက်ဆုတ်သော်လည်း လွတ်မြောက်မည်မဟုတ်။ လွတ်မြောက်လျှင်ပင် သင့်ကို ဓားလက်သို့ ငါအပ်မည်။
ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင်
နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။