အစ္စရေးလူမျိုး၏အလင်းသည် မီးသဖွယ်ဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် မီးလျှံသဖွယ်ဖြစ်၏။ တစ်နေ့ချင်းတွင် ထိုဘုရင်၏ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းဝါးမျိုလိမ့်မည်။
ဟေရှာယ 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲမှ ဦးခေါင်းနှင့်အမြီးကိုလည်းကောင်း၊ စွန်ပလွံအကိုင်းအခက်နှင့်ကျူပင်ကိုလည်းကောင်း တစ်နေ့တည်းတွင် ခုတ်ပစ်တော်မူမည်။ Common Language Bible ထာဝရဘုရားသည်တစ်နေ့တည်းတွင်ဣသ ရေလခေါင်းဆောင်များနှင့်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ခေါင်းပိုင်း၊ အမြီးပိုင်းတို့ကိုတစ်နေ့ တည်းအတွင်းဖြတ်တောက်ပစ်တော်မူလိမ့်မည်။- Garrad Bible ထို့ ကြောင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး မှ ဦး ခေါင်း နှင့် အ မြီး ကိုလည်း ကောင်း၊ စွန် ပ လွံ လက် နှင့် ကိုင်း ပင် ကိုလည်း ကောင်း၊ နေ့ ချင်း ခုတ် ဖြတ် တော် မူ လိမ့် မည်။ Judson Bible ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ |
အစ္စရေးလူမျိုး၏အလင်းသည် မီးသဖွယ်ဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် မီးလျှံသဖွယ်ဖြစ်၏။ တစ်နေ့ချင်းတွင် ထိုဘုရင်၏ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းဝါးမျိုလိမ့်မည်။
ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံကိုင်းဖြစ်စေ၊ ကျူပင်ဖြစ်စေ အီဂျစ်ပြည်အတွက် လုပ်ဆောင်ပေးနိုင်သောအရာတစ်ခုမျှမရှိ။
ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးရှေ့တွင် ခလုတ်တံသင်းကိုချထားမည်။ အဖေနှင့်သားတို့သည် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အိမ်နီးနားချင်းနှင့်အပေါင်းအဖော်တို့သည် ပျက်စီးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။
အို ဗေသလမြို့၊ သင်တို့ပြုခဲ့သောမကောင်းမှုဒုစရိုက်များကြောင့် သင်တို့၌ ထိုသို့ဖြစ်လိမ့်မည်။ အရုဏ်ဦး၌ပင် အစ္စရေးဘုရင်သည် ရှင်းရှင်းဖျက်ဆီးခြင်းခံရမည်။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
အစ္စရေး ဝါးမျိုခံရလေပြီ။ သူတို့သည် လူမျိုးခြားတို့အလယ်တွင် မည်သူမျှအလိုမရှိသောတန်ဆာပလာကဲ့သို့ ဖြစ်၏။
တစ်ဖန် ထာဝရဘုရားက “သိုးထိန်းသည် ခြင်္သေ့ခံတွင်းမှ ခြေနှစ်ချောင်း၊ နားရွက်တစ်ပိုင်းကိုသာ နုတ်ယူနိုင်သကဲ့သို့ ရှမာရိမြို့ခုတင်စွန်း၊ ဒမတ်စကပ်ညောင်စောင်းတွင်ထိုင်သော အစ္စရေးအမျိုးသားတို့သာ ကယ်နုတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရားအမိန့်တော်ရှိ၏။ အိမ်ကြီးအိမ်ကောင်းများ အပိုင်းပိုင်းပြတ်လိမ့်မည်။ အိမ်ငယ်များလည်း တစ်စစီဖြစ်လိမ့်မည်။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား ဤမျှလောက်များပြားသောစည်းစိမ်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း လုံးလုံးဖျက်ဆီးခြင်းခံရပါသည်တကား’ဟု ဆိုကြလိမ့်မည်။ ရေယာဉ်မှူးအားလုံး၊ အရပ်ရပ်သို့ရွက်လွှင့်တတ်သောသူအပေါင်းတို့နှင့် သင်္ဘောသားများ၊ ပင်လယ်ထဲ၌အလုပ်လုပ်နေသူရှိသမျှတို့သည်လည်း အဝေးမှရပ်လျက်
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။