အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ဟေရှာယ 9:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူမျိုးတော်သည် မိမိအား ဒဏ်ခတ်တော်မူသောအရှင်ထံသို့ ပြန်မလာ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို မရှာ။ Common Language Bible ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။- Garrad Bible သို့ ရာ တွင် လူ မျိုး တော် သည် ဒဏ် ခတ် တော် မူ သော အ ရှင့် ထံ မ ပြန်။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို မ ရှာ ချေ။ Judson Bible ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ |
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ဘုရားတရားမဲ့သူတို့မူကား အမျက်ထွက်၍ စိတ်တွင်အငြိုးထားတတ်ကြ၏။ ကိုယ်တော်ချုပ်နှောင်တော်မူလျှင်ပင် အကူအညီအော်ဟစ်တောင်းခံခြင်းကို မပြုကြ။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံကိုင်းဖြစ်စေ၊ ကျူပင်ဖြစ်စေ အီဂျစ်ပြည်အတွက် လုပ်ဆောင်ပေးနိုင်သောအရာတစ်ခုမျှမရှိ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် ယူဖရေးတီးမြစ်တစ်ဖက်မှ အဆီးရီးယားဘုရင်တည်းဟူသော သင်တုန်းဓားကိုငှား၍ ခေါင်းနှင့်ခြေမွေးကို ရိတ်တော်မူလိမ့်မည်။ မုတ်ဆိတ်ကိုလည်း သုတ်သင်တော်မူလိမ့်မည်။
ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။
အကြောင်းမူကား ငါထာဝရဘုရားသည် သင်တို့အတွက်ကြံစည်ထားသော အကြံအစည်များကို ငါသာလျှင်သိ၏။ သင်တို့ကို ဒုက္ခရောက်စေမည်မဟုတ်၊ ကောင်းစားစေမည့် အကြံအစည်ဖြစ်၏။ သင်တို့မျှော်လင့်သောအနာဂတ်ကို ပေးရန်အတွက်ဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
“အချင်းလူသား၊ ထိုမြို့အား ‘အမျက်ထွက်တော်မူရာနေ့တွင် သင်သည် မစင်ကြယ်သောမြို့၊ မိုးမစိုသောမြို့ ဖြစ်၏’ဟု ဆင့်ဆိုလော့။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
ပညတ္တိကျမ်းတွင် မောရှေရေးထားသည့် ဘေးဆိုးအလုံးစုံတို့သည် အကျွန်ုပ်တို့အပေါ် သင့်ရောက်ပါ၏။ ထိုသို့ဖြစ်သည့်တိုင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို မရှာ၊ အပြစ်လမ်းမှ ပြန်မလှည့်၊ သမ္မာတရားကို အလေးမထားခဲ့ကြပါ။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
အစ္စရေး၏မာနသည် သူ့ကိုဆန့်ကျင်၍ သက်သေပြလေပြီ။ သို့သော် သူတို့သည် ဘုရားသခင်ထာဝရဘုရားထံ ပြန်မလာကြ။ သူတို့ပြုခဲ့သမျှသောအမှုများအတွက် ကိုယ်တော့်ကို မရှာကြ။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “သင်တို့မြို့ရွာတိုင်းရှိလူတို့၏သွားကို စင်ကြယ်စေ၏။ နေရာတိုင်းတွင် အစာရေစာပြတ်လပ်စေ၏။ ဤသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။