ထို့ကြောင့် ထာဝရဘုရားသည် ရေဇိန်မင်းကြီး၏ရန်ဖက်တို့ကိုချီးမြှောက်တော်မူမည်။ သူ၏ရန်သူတို့ကို လှုံ့ဆော်တော်မူမည်။
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် ကြစေရန် ရန်သူတို့ကိုလှုံ့ဆော်တော်မူ၏။-
ထာ ဝ ရ ဘု ရား သည် ရေ ဇိန် မင်း၏ ရန် ဘက် တို့ ကို ပေါ် ထွန်း စေ ၍။ ဣ သ ရေ လ လူ မျိုး၏ ရန် သူ တို့ ကို နှိုး ဆော် တော် မူ သ ဖြင့်၊
ထာဝရဘုရားသည်လည်း၊ ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ရန်သူတို့ကို ထစေတော်မူသဖြင့်၊
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။