တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ဟေရှာယ 8:6 - မြန်မာ့စံမီသမ္မာကျမ်း “ဤလူမျိုးသည် ညင်သာစွာစီးဆင်းသော ရှိလောင်ရေကိုစွန့်ပယ်၍ ရေဇိန်နှင့် ရေမလိ၏သားတို့နှင့် သာယာနေသောကြောင့် Common Language Bible ကိုယ်တော်က``ဤလူစုသည်ဆိတ်ငြိမ်စွာ စီးဆင်းလျက်နေသော ရှိလောင်ချောင်းရေ ကိုပစ်ပယ်ကာရေဇိန်မင်းနှင့်ပေကာမင်း တို့၏ရှေ့တွင်တုန်လှုပ်လျက်နေသဖြင့်၊- Judson Bible ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊ |
တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ကောလဟောဇ၏သား မိဇပါနယ်ကိုအုပ်ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ အမိုးမိုး၍ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်၏။ ရှင်ဘုရင်၏ဥယျာဉ်တော်နားရှိ ရှိလောင်ရေကန်နှင့်ကပ်လျက်မြို့ရိုးကို ဒါဝိဒ်မြို့မှဆင်းလာသောလှေကားအထိ ပြုပြင်၏။
မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
ကြည့်ရှုလော့။ ဘုရားရှင်၌ တန်ခိုးခွန်အားကြီးသောသူရှိ၏။ ထိုသူသည် မိုးသီးမုန်တိုင်း၊ ဖျက်ဆီးတတ်သော လေပြင်းမုန်တိုင်း၊ ရေလွှမ်းမိုးစေသည့် ပြင်းထန်သောမိုးသက်မုန်တိုင်းကဲ့သို့ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူကို မိမိလက်ဖြင့် မြေကြီးပေါ်သို့ပစ်ချမည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်က “သင်တို့သည် ဤနှုတ်ကပတ်တော်ကိုပယ်၍ ဖိနှိပ်ချုပ်ချယ်သူ၊ သွေဖည်လွဲမှားသူတို့ကို ကိုးစားမှီဝဲကြ၏။
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
ငါတို့သည် ယုဒပြည်သို့စစ်ချီပြီး ထိုပြည်ကို တစ်စစီဖြိုခွဲ၍ ခွဲဝေယူကြစို့။ တဗာလ၏သားကို ထိုပြည်၏ရှင်ဘုရင်အဖြစ်တင်မြောက်ကြစို့ဟု ဆိုကြ၏။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
လက်ဘနွန်တောင်နှင်းပွင့်သည် ကျောက်တောင်စောင်းကို စွန့်သွားတတ်သလော။ အဝေးမှစီးဆင်းလာသည့် အေးမြသောရေသည် ခန်းခြောက်သွားတတ်သလော။
“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
ထို့ပြင် ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိမိ၍သေဆုံးသောသူတစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသောအခြားသူအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
“ရှိလောင်ရေကန်သို့သွား၍ ဆေးလော့”ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။