သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
ဟေရှာယ 8:22 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။ Common Language Bible မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။ Garrad Bible အ ထက် သို့ မော့၍ ဖြစ် စေ၊ မြေ သို့ ငုံ့၍ ဖြစ် စေ၊ ကြည့် လျှင် ပင် ပန်း၍ မှိုင်း အုန် ခြင်း နှင့် အ ကျဉ်း အ ကျပ် မှောင် ကို သာ တွေ့ သ ဖြင့်၊ မှောင် ထဲ သို့ နှင် ထုတ် ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။ Judson Bible အထက်သို့ မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏။ ထူထပ်သောမှောင်မိုက်နှင့် တွေ့၍၊ အလင်းကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ |
သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “စမ်းတဝါးဝါးသွားလာရသည့် အမှောင်ထုကြီးသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ ကျရောက်စေရန် သင်၏လက်ကို ကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
ငါသည် မိုးကောင်းကင်ကို အနက်ရောင်အဝတ် ဝတ်စေ၍ လျှော်တေအဝတ် ခြုံစေ၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။
ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ အမှောင်ထုသည် လူတို့ကိုလည်းကောင်း ဖုံးလွှမ်းမည်။ သို့သော်လည်း ထာဝရဘုရားသည် သင့်ထံ၌ ပေါ်ထွန်းတော်မူမည်။ ဘုန်းအသရေတော်သည် သင်၌ထင်ရှားမည်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
သို့သော် ဒုက္ခဝေဒနာခံစားခဲ့ရသောပြည်၌ အမှောင်ဖုံးတော့မည်မဟုတ်။ ယခင်အချိန်က ဇာဗုလုန်နယ်နှင့် နဿလိနယ်ကို နှိမ့်ချခဲ့သော်လည်း နောင်တွင် ထိုနယ်၏ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့နေရာဂါလိလဲနယ်တို့ကို အသရေတင့်တယ်စေတော်မူမည်။
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
“သူတို့သွားသောလမ်းသည် မှောင်မိုက်၍ ချော်သောလမ်းဖြစ်မည်။ သူတို့သည် ထိုလမ်းတွင် တွန်းထိုးခံရ၍ လဲကျကြလိမ့်မည်။ စစ်ကြောစီရင်ချိန်ရောက်လျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။
ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။
နိုင်ငံတော်၏သားတို့မူကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ခြင်းခံရကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။