ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
ပ ညတ် တ ရား တော် နှင့် သက် သေ ခံ တော် မူ ချက် ကို မှီ ကပ် ကြ လော့။ ထို ဗျာ ဒိတ် တော် နှင့် မ ညီ ကြ လျှင်၊ နေ အ ရုဏ် ကို မ တွေ့ ရ ကြ။
တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
အကျွန်ုပ်၏တပည့်တို့တွင် သက်သေခံတော်မူချက်ကိုချည်ထား၍ ပညတ်တရားကို တံဆိပ်ခတ်တော်မူပါ။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ယေရှုကလည်း“သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
သို့သော် သင်၏မျက်စိမကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးမှောင်မိုက်နေလိမ့်မည်။ သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်ဖြစ်လျှင် ထိုအမှောင်သည် မည်မျှလောက် မှောင်လိမ့်မည်နည်း။
ကိုယ်တော်ကလည်း“မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင်
ကိုယ်တော်ကလည်း“ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း”ဟု မေးတော်မူလျှင်
သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။