ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
ဟေရှာယ 7:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။ Common Language Bible ``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။- Garrad Bible ထို ကာ လ အိ ဂျစ် မြစ် များ ရှိ ယင် ကောင် များ ကိုလည်း ကောင်း၊ အာ ရှု ရိ ပြည် ရှိ ပျား ကောင် များ ကိုလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လေ ချွန်၍ ခေါ် တော် မူ သ ဖြင့်၊ Judson Bible ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊ |
ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းရံထားကြသော်လည်း ဆူးပင်ကိုလောင်သောမီးကဲ့သို့ ငြိမ်းသွားကြ၏။ ငါသည် ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို မုချဖြတ်ပယ်ရှင်းလင်းမည်။
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်လျှင် ငါသည် သင်မှစ၍ သင်၏အမှုထမ်းများနှင့် သင်၏လူများပေါ်သို့လည်းကောင်း၊ သင်၏နန်းဆောင်များထဲသို့လည်းကောင်း ယင်ရဲတို့ကို စေလွှတ်မည်။ အီဂျစ်လူမျိုးတို့၏အိမ်များနှင့် သူတို့နေထိုင်သောမြေသည်လည်း ယင်ရဲတို့နှင့် ပြည့်နှက်လိမ့်မည်။
ထာဝရဘုရားသည် ထိုအတိုင်းပြုတော်မူသဖြင့် မြောက်မြားစွာသောယင်ရဲတို့သည် ဖာရောမင်းကြီး၏နန်းတော်မှစ၍ သူ့အမှုထမ်းတို့၏အိမ်များနှင့် အီဂျစ်ပြည်အနှံ့ ဝင်ရောက်ကြ၏။ ယင်ရဲများကြောင့် တစ်ပြည်လုံးသည် ပျက်စီးလေ၏။
ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
ထိုတောင်ပေါ်ဒေသ၌နေထိုင်ကြသောအာမောရိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ရန် ထွက်လာကြပြီး ပျားများလိုက်သကဲ့သို့ သင်တို့ကိုလိုက်၍ စိရအရပ်မှ ဟောမာအရပ်တိုင်အောင် သင်တို့ကို လိုက်လံချေမှုန်းကြ၏။
ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။
ထို့ပြင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောသူများ၊ ပုန်းရှောင်နေသောသူများမပျက်စီးမချင်း ပျားတူများကို သူတို့ထဲတွင်စေလွှတ်တော်မူမည်။
သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။