ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
ဟေရှာယ 7:11 - မြန်မာ့စံမီသမ္မာကျမ်း “သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။ Common Language Bible ``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။ Judson Bible နက်သောအရပ်၌ ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ |
ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် အာခတ်မင်းကြီးက “အကျွန်ုပ်မတောင်းပါ။ ထာဝရဘုရားကို အကျွန်ုပ်မစမ်းသပ်ပါ”ဟု ပြန်လျှောက်၏။
ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ
ထာဝရဘုရားက ‘ဤသည်ကား သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ သင်တို့ကို ဤပြည်တွင် ငါဒဏ်ခတ်မည်။ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့စကားအမှန်တည်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။