ဟေရှာယ 7:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် အာခတ်မင်းကြီးက “အကျွန်ုပ်မတောင်းပါ။ ထာဝရဘုရားကို အကျွန်ုပ်မစမ်းသပ်ပါ”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား ကို စုံ စမ်း ၍ မ တောင်း မ လျှောက် ဝံ့ ပါ ဟု ပြန် ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible12 အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်ပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။