တိုင်းနိုင်ငံတို့ကို စစ်ကြောစီရင်လျက် အလောင်းနှင့်ပြည့်နှက်စေကာ ကမ္ဘာမြေတစ်ဝန်းလုံးရှိခေါင်းဆောင်များကို ချေမှုန်းတော်မူလိမ့်မည်။
ဟေရှာယ 66:24 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ Garrad Bible ငါ့ အား လွန် ကျူး သည့် အ တွက်၊ ပိုး မ သေ၊ မီး မ ငြိမ်း၍၊ လူ သ တ္တ ဝါ တို့ ရွံ့ ရှာ ဖွယ် ဖြစ် သော အ လောင်း များ ကို ထို သူ တို့ ထွက် သွား ၍ မြင် ရ ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သ တည်း။ Judson Bible ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်း မငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဖွယ် ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ |
တိုင်းနိုင်ငံတို့ကို စစ်ကြောစီရင်လျက် အလောင်းနှင့်ပြည့်နှက်စေကာ ကမ္ဘာမြေတစ်ဝန်းလုံးရှိခေါင်းဆောင်များကို ချေမှုန်းတော်မူလိမ့်မည်။
ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။
ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
သင်၏ဘုန်းတန်ခိုး၊ သင်၏စောင်းသံသည် မရဏာနိုင်ငံသို့ဆင်းသွားပြီ။ လောက်ကောင်များသည် သင့်အောက်၌ပြန့်နေ၍ ပိုးကောင်များသည် သင့်ကိုဖုံးလွှမ်း၏။
ကမ္ဘာမြေကြီးသည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ယိမ်းထိုးနေ၏။ ပုခက်ကဲ့သို့ခါယမ်းနေ၏။ ကမ္ဘာမြေကြီးကျူးလွန်သောအပြစ်သည် လေးလံသဖြင့် လဲကျသွား၍ ပြန်ထနိုင်တော့မည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
နေ့ညမပြတ် မီးငြိမ်းလိမ့်မည်မဟုတ်။ မီးခိုးသည် အစဉ်အမြဲတက်လိမ့်မည်။ ထိုပြည်သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ထိုပြည်ကို ကာလအစဉ်အဆက် မည်သူမျှ ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။
သူတို့ထဲမှ အသတ်ခံရသူတို့ကို အပြင်သို့ပစ်လိုက်၍ သူတို့အလောင်းများမှ အပုပ်နံ့များထွက်လာမည်။ တောင်များပေါ်၌ သွေးချောင်းစီးမည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။