ဟေရှာယ 51:8 - မြန်မာ့စံမီသမ္မာကျမ်း
8 အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထို သို့ သော လူ တို့ ကို၊ ပိုး ရွ များ သည် သိုး မွေး အ ဝတ် ကဲ့ သို့ လည်း ကောင်း၊ ပိုး ကောင် များ သည် သိုး မွေး ကဲ့ သို့ လည်း ကောင်း၊ စား ကြ လိမ့် မည်။ အောင် မြင် တော် မူ ခြင်း ကား၊ အ စဉ် တည် လျက် ကယ် တင် တော် မူ ခြင်း လည်း၊ လူ မျိုး အ ဆက် ဆက် မြဲ လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရဖြစ်၍၊ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်သတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ