မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ဟေရှာယ 65:2 - မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အကြံအစည်အတိုင်း မကောင်းသောလမ်း၌လျှောက်လှမ်းလျက် ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးတို့ထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေ၏။ Common Language Bible ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။- Garrad Bible ပုန် ကန် ၍ ကိုယ့် အ ကြံ အ စည် အ တိုင်း မ ကောင်း သော လမ်း ကို လိုက် သော သူ၊ မြိုင် များ တွင် ပူ ဇော် လျက်၊ အုတ် ခင်း ပေါ် တွင် နံ့ သာ ပေါင်း ကို မီး ရှို့ လျက်၊ ငါ့ မျက် မှောက် တွင် ပင် အ စဉ် အ မျက် တော် တိုက် သော သူ၊ သု သာန် များ တွင် နေ ထိုင်၍၊ လျှို့ ဝှက် ရာ များ၌ တည်း ခို သော သူ၊ ဝက် မှ စ၍၊ ရွံ ရှာ ဖွယ် သော သား ပြုတ် ရည် ကို စား သောက် သော သူ၊ ကျွန်ုပ် ဖြင့် သီး သန့် ရာ မ ရောက် ခြင်း ငှာ မ ချဉ်း ကပ် ဘဲ၊ အ သီး အ ခြား နေ လော့ ဟု ဆို လေ့ ရှိ သူ တို့ အား၊ ငါ သည် နေ့ ရှိ သ မျှ လက် ကမ်း လျက် နေ ပြီ။ ထို သူ တို့ သည် နေ့ ရှိ သ မျှ လောင် သော မီး ခိုး သ ဖွယ် ငါ့ နှာ တွင် ထိ ခိုက် ၏။ Judson Bible မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။ |
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
သို့သော် ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ကြ၏။ ငါ့လက်ကိုဆန့်တန်းသောအခါ မည်သူမျှ အလေးမထားကြ။
ရက်စက်ကြမ်းကြုတ်သောသူသည် မိမိ၏အိမ်နီးချင်းကိုသွေးဆောင်၍ မကောင်းသောလမ်းသို့ လိုက်စေတတ်၏။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထာဝရဘုရားက “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
ထာဝရဘုရားက “သူတို့ပြုသောအမှုများ၊ အကြံအစည်များကို ငါသိ၏။ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးတို့ကို စုစည်းမည့်အချိန်ရောက်လာမည်။ သူတို့သည်လာ၍ ငါ၏ဘုန်းအသရေကိုမြင်ရလိမ့်မည်။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။
သို့သော် သူတို့က “မျှော်လင့်စရာမရှိ။ ထို့ကြောင့် ငါတို့သည် ကိုယ့်အကြံအစည်နောက်သို့ ကိုယ်လိုက်မည်။ ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း ပြုမည်”ဟု ပြောဆိုကြ၏။
“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
သို့သော်လည်း ဤလူမျိုးမူကား ခေါင်းမာ၍ ပုန်ကန်တတ်သောသဘောရှိ၏။ လမ်းလွဲ၍ ထွက်သွားကြလေပြီ။
သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။