ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
ထို့ နောက်၊ မည် သူ့ ကို စေ လွှတ် ရ အံ့ နည်း။ ငါ တို့ အ တွက် မည် သူ သွား မည် နည်း ဟု၊ အ ရှင် ဘု ရား မေး တော် မူ သံ ကို ကြား ရ လျှင်၊ အ ကျွန်ုပ် ရှိ ပါ၏၊ စေ လွှတ် တော် မူ ပါ ဟု ငါ လျှောက် ဆို ရာ၊ သွား လော့၊
တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။
တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။
လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အာဗြဟံ၊ အာဗြဟံ”ဟု ကောင်းကင်မှခေါ်လျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “ကြည့်ရှုလော့။ လူသည် အကောင်းအဆိုးကိုသိခြင်းအရာ၌ ငါတို့ထဲမှတစ်ပါးပါးကဲ့သို့ဖြစ်လာပြီ။ ယခုမှာ သူသည် လက်ကိုဆန့်ပြီး အသက်ပင်၏အသီးကိုယူစား၍ ထာဝရအသက်ရှင်ခွင့် မရသင့်”ဟု မိန့်တော်မူ၏။
ရှောလုမင်းကြီးသည် အနောက်ကိုလှည့်ကြည့်၍ အကျွန်ုပ်ကို မြင်လျှင် လှမ်းခေါ်ပါ၏။ အကျွန်ုပ်ကလည်း ‘အကျွန်ုပ်ရှိပါ၏’ဟု ထူးပါ၏။
ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
သူတို့သွားသောအခါ ရေလှိုင်းပုတ်သံကြီးကဲ့သို့၊ အနန္တတန်ခိုးရှင်၏အသံကဲ့သို့ သူတို့၏တောင်ပံခတ်သံကို ငါကြားရ၏။ သူတို့သွားသောအသံသည် စစ်ချီသံကဲ့သို့ ဖြစ်၏။ သူတို့ရပ်နေသောအခါ အတောင်ပံများကို ချထား၏။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
ထို့နောက် “ဤမြို့ကိုဒဏ်ခတ်မည့်သူတို့၊ ဖျက်ဆီးခြင်းလက်နက် ကိုယ်စီကိုင်ဆောင်၍ လာကြလော့”ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူသောအသံကို ငါကြားရ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ကိုယ်တော်က‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်