ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
ဤသို့သူတို့ကြွေးကြော်ကြသည့်အသံကြောင့်၊ ဗိမာန်တော်အုတ်မြစ်သည်တုန်လှုပ်ကာဗိမာန်တော်သည်လည်းမီးခိုးများနှင့်ပြည့်၍လာတော့၏။
ထို အ သံ ကြောင့် ဗိ မာန် တော် ဝ အ ခြေ အ မြစ် လှုပ် ရှား၍၊ တစ် ဗိ မာန် လုံး မီး ခိုး ပြည့် သ ဖြင့်၊
ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
သူတို့သွားသောအခါ ရေလှိုင်းပုတ်သံကြီးကဲ့သို့၊ အနန္တတန်ခိုးရှင်၏အသံကဲ့သို့ သူတို့၏တောင်ပံခတ်သံကို ငါကြားရ၏။ သူတို့သွားသောအသံသည် စစ်ချီသံကဲ့သို့ ဖြစ်၏။ သူတို့ရပ်နေသောအခါ အတောင်ပံများကို ချထား၏။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။
ထို့နောက် ထိုသူသည် ငါ့အား မြောက်ဘက်ဝင်ပေါက်လမ်းမှ အိမ်တော်ရှေ့သို့ ခေါ်ဆောင်သွား၏။ ငါကြည့်လိုက်သော် ထာဝရဘုရား၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေသည်ကို တွေ့ရ၏။ ငါသည်လည်း ပျပ်ဝပ်လေ၏။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။