နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။
ဟေရှာယ 59:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။ Common Language Bible အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။ Garrad Bible သို့ ဖြစ်၍ နေ ဝင် ရာ အ ရပ် သား တို့ နှင့် နေ ထွက် ရာ အ ရပ် သား တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော်၊ ဘုန်း တော် ကို ခန့် ညား ကြ လိမ့် မည်။ ထို ဘုန်း တော် သည် ထာ ဝ ရ ဘု ရား လေ တော် မှုတ် တိုက် သ ဖြင့်၊ တစ် ဟုန် တည်း စီး စင်း သော မြစ် ရေ ကဲ့ သို့ ဝင် ရောက် လိမ့် မည်။ Judson Bible သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ဝင်သောအခါ၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားတော်မူမည်။ |
နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် တောက်လောင်နေသောအမျက်တော်၊ ထူထပ်သည့်မီးခိုးလုံးတို့ဖြင့် ဝေးလံသောအရပ်မှလာ၏။ ကိုယ်တော်၏နှုတ်သည် အမျက်ဒေါသနှင့်ပြည့်၏။ ကိုယ်တော်၏လျှာသည် တောက်လောင်နေသောမီးကဲ့သို့ဖြစ်၏။
ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကို အရှေ့အရပ်မှ အနောက်အရပ်တိုင်အောင် လူတို့သိမြင်ကြလိမ့်မည်။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။
ကြည့်ရှုလော့။ ဘုရားရှင်သည် အဆီးရီးယားဘုရင်နှင့် သူ၏အင်အားရှိသမျှတည်းဟူသော အဟုန်ပြင်း၍များပြားသော မြစ်ရေတို့ကို သူတို့ထံရောက်စေတော်မူမည်။ မြစ်ချောင်း၊ ကမ်းပါးရှိသမျှကို ဖုံးလွှမ်းလျှံတက်သွားလိမ့်မည်။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား များစွာသောလူတို့သည် အရှေ့အရပ်နှင့်အနောက်အရပ်တို့မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။