စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
ဟေရှာယ 57:7 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မြင့်မားသောတောင်ပေါ်တွင် သင်၏အိပ်ရာကိုခင်း၏။ ထိုတောင်ပေါ်သို့တက်၍လည်း ယဇ်ပူဇော်တတ်၏။ Common Language Bible သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။- Garrad Bible မြင့် လှ စွာ သော တောင် ထိပ် ပေါ် တွင် အိပ် ရာ ခင်း ခြင်း၊ ယဇ် ပူ ဇော် ရန် တက် ခြင်း၊ Judson Bible မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကိုထားပြီးလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။ |
စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
ထို့ပြင် သင်သည် လူစည်ကားသောနေရာတိုင်းတွင် ကိုယ့်အဖို့ အထွတ်အမြတ်ထားသောနေရာဆောက်၏။ ပူဇော်ရာကိုတည်၏။
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
ဘေဘီလုံအမျိုးသားတို့သည်လည်း သူ့ထံရောက်လာ၍ သူနှင့်အတူ အိပ်ကြ၏။ သူနှင့်ဖောက်ပြန်မှားယွင်းပြီး သူ့ကိုညစ်ညူးစေ၏။ ထိုသူတို့ကို ရွံရှာသွားသည်အထိ သူ့ကိုညစ်ညူးစေကြ၏။
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။