ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထင်ရှားတော်မူမည်။ လူအပေါင်းတို့သည် အတူတကွဖူးမြင်ရကြလိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူပြီ”ဟူ၍ဖြစ်၏။
ဟေရှာယ 53:1 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့ဟောပြောသောသတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း။ Common Language Bible ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။ Garrad Bible ငါ တို့ ကြား ရ သော သ တင်း ကို ယုံ ကြည် သူ၊ ထာ ဝ ရ ဘု ရား၏ လက် ရုံး တော် ကို မြင် ရ သူ မည် သူ နည်း။ Judson Bible ငါတို့ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။ |
ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထင်ရှားတော်မူမည်။ လူအပေါင်းတို့သည် အတူတကွဖူးမြင်ရကြလိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူပြီ”ဟူ၍ဖြစ်၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
ကိုယ်တော်သည် ကြားဝင်စေ့စပ်သောသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းကို မြင်၍ အံ့ဩတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော့်ကိုထောက်မပေး၏။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
ထိုအချိန်တွင် ယေရှုက“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။
ထိုအခါ ယေရှုက“ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားနှင့်ပတ်သက်၍ ပရောဖက်တို့ရေးထားသောအရာအားလုံးတို့သည် ပြည့်စုံရလိမ့်မည်။
သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း”ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။