အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။
ဟေရှာယ 5:10 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ခြံဆယ်ဧကသည် တစ်ဗတ်သာ ထွက်မည်။ မျိုးစေ့တစ်ဟောမဲသည် တစ်ဧဖာသာထွက်မည်။ Common Language Bible ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။'' Garrad Bible အ သို့ ဆို သော် စ ပျစ် ဥ ယျာဉ် ခြောက် ပယ် မှ စ ပျစ် ရည် ချိန် ခွက် အ စိပ် မျှ သာ ထွက်၍ မျိုး ဆယ် တင်း ကြဲ မှ တစ် တင်း သာ ထွက် လိမ့် မည် ဟူ၍ တည်း။ Judson Bible အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။ |
အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
မျိုးစေ့တို့သည် မြေစိုင်မြေခဲများအောက်တွင် ရှုံ့တွလေပြီ။ ကောက်နှံပင်တို့ ခြောက်သွေ့ကုန်သဖြင့် သိုလှောင်ရုံများလည်း ပြိုပျက်ကုန်ပြီ။ စပါးကျီများလည်း ပျက်စီးကုန်ပြီ။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သောလယ်ယာအချို့ကို ထာဝရဘုရားထံ ဆက်ကပ်လိုလျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ကြဲနိုင်သည့်မျိုးစေ့ပမာဏအတိုင်းဖြစ်ရမည်။ မုယောမျိုးစေ့တစ်ဟောမဲလျှင် ငွေငါးဆယ်ရှယ်ကယ်ဖြစ်၏။
သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။
ထိုကာလတွင် စပါးပုံကို ခြင်သောအခါ တင်းနှစ်ဆယ်ရမည်ဟုထင်သော်လည်း ဆယ်တင်းသာ ရပြီး စပျစ်ဝိုင်စည်တွင် စပျစ်ဝိုင်လာခပ်သောအခါ အချိန်ငါးဆယ်ရမည်ဟုထင်သော်လည်း အချိန်နှစ်ဆယ်သာ ရသည်မဟုတ်လော။
သင်သည် လယ်ယာ၌မျိုးစေ့များစွာကြဲသော်လည်း ကျိုင်းကောင်စားသောကြောင့် အနည်းငယ်သာ စုသိမ်းရလိမ့်မည်။
သင်သည် စပျစ်ခြံများကိုစိုက်ပျိုး၍ ပြုစုသော်လည်း ပိုးကောင်စားသောကြောင့် စပျစ်သီးကိုဆွတ်ခူးရလိမ့်မည်မဟုတ်၊ စပျစ်ဝိုင်ကိုသောက်ရလိမ့်မည်မဟုတ်။