မိမိ၏အစေအပါးအစ္စရေးအတွက် အမွေအဖြစ်ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ဟေရှာယ 45:4 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အစေအပါးယာကုပ်၊ ငါရွေးချယ်သောအစ္စရေးအတွက် သင့်ကို အမည်ဖြင့် ငါခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုဘွဲ့နာမပေး၏။ Common Language Bible ငါရွေးချယ်ထားသည့်လူမျိုးတော်၊ ငါ၏အစေခံဣသရေလအမျိုးသားတို့အား ကူညီမစရန်အတွက်သင့်ကို ငါခန့်ထားခြင်းဖြစ်၏။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင့်အား ကြီးမြတ်သည့်ဂုဏ်အသရေကိုပေးပြီ။ Garrad Bible ငါ့ ကျွန် ရင်း ယာ ကုပ်၊ ငါ ရွေး ချယ် သူ ဣ သ ရေ လ အ တွက်၊ ငါ့ ကို သင် မ သိ လျက် ပင် အ မည် ဖြင့် သင့် ကို ခေါ်၍၊ ဘွဲ့ နာ မ ကို ငါ သ မုတ် လေ ပြီ။ Judson Bible ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက်၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကိုမသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။ |
မိမိ၏အစေအပါးအစ္စရေးအတွက် အမွေအဖြစ်ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင်တို့ကိုရွေးနုတ်သောအရှင် ထာဝရဘုရားက “သင်တို့အတွက် ဘေဘီလုံမြို့သို့ စစ်သည်တို့ကို ငါစေလွှတ်၍ ခါလဒဲလူမျိုးအပါအဝင် ထိုမြို့၌ရှိသောလူအားလုံးတို့ကို မိမိတို့ဂုဏ်ယူရသောသင်္ဘောဖြင့် ထွက်ပြေးစေမည်။
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။
မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပျက်ပြယ်သွားသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးအနွယ်ဝင်အားလုံးသည် အစ္စရေးလူမျိုးမဟုတ်။
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။
ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့်