ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
ဟေရှာယ 45:11 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ ထိုလူမျိုးကိုပုံဖော်ဖန်ဆင်းသော ထာဝရဘုရားက “ဖြစ်လာမည့်အရာတို့နှင့်ပတ်သက်၍ ငါ့ကို မေးခွန်းထုတ်ကြသလော။ ငါ့သားသမီးတို့နှင့်ပတ်သက်၍၊ ငါ့လက်ပြုသောအမှုနှင့်ပတ်သက်၍ ငါ့ကို အမိန့်ပေးကြသလော။ Common Language Bible ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်၊ အနာဂတ်ကိုပြုပြင်ဖန်တီးတော်မူသော ထာဝရဘုရားက၊ ``ငါ၏သားသမီးများနှင့်ပတ်သက်၍ သင်တို့တွင် မေးခွန်းထုတ်ပိုင်ခွင့်မရှိ။ အဘယ်အမှုကိုငါပြုသင့်သည်ဟုလည်း ပြောဆိုပိုင်ခွင့်မရှိ။ Garrad Bible ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း၍ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ အ နာ ဂတ် အ ရာ များ ကို၊ ငါ့ ထံ မေး မြန်း ကြ လော့။ ငါ သား တို့ နှင့် လက် ဖြစ် တော် ကို ကား ငါ၌ ရှိ ပါ စေ လော့။ Judson Bible ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဖြစ်လတ္တံ့သောအမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။ |
ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
ငါပြုသောအမှုကြောင့် သူ့သားသမီးတို့သည် သူနှင့်အတူရှိနေသည်ကို မြင်သောအခါ ငါ့နာမကိုသန့်ရှင်းစေလိမ့်မည်။ ယာကုပ်၏သန့်ရှင်းသောအရှင်ကို ရိုသေ၍ အစ္စရေးတို့၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။
ငါထာဝရဘုရားသည် သင်တို့၏သန့်ရှင်းသောအရှင်၊ အစ္စရေးလူမျိုးကိုဖန်ဆင်းသောအရှင်၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားဖို့ရန် လူမျိုးတော်ကို ငါပုံဖော်ဖန်ဆင်းခဲ့၏။
အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားဖြစ်၏။ သင်၏ကယ်တင်ရှင်ဖြစ်၏။ သင့်ကို ရွေးနုတ်စရာအဖိုးအခအဖြစ် အီဂျစ်ပြည်ကိုလည်းကောင်း၊ သင့်ကိုယ်စား အီသီယိုးပီးယားပြည်နှင့် သေဘပြည်တို့ကိုလည်းကောင်း ငါပေးအပ်လိုက်၏။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် မြေစေးဖြစ်၏။ ကိုယ်တော်သည် အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လက်တော်ဖြင့် ဖန်ဆင်းထားသောသူများ ဖြစ်ကြပါ၏။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
ထာဝရဘုရားက “ထိုကာလ၌ ငါသည် အစ္စရေးမျိုးနွယ်စုအပေါင်းတို့၏ဘုရားဖြစ်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
ငါ့နာမသန့်ရှင်းကြောင်းကို ငါ့လူမျိုးတော်အစ္စရေးတို့အား သိစေမည်။ သန့်ရှင်းသောငါ့နာမကို ရှုတ်ချခွင့်ပြုတော့မည်မဟုတ်။ ငါသည် အစ္စရေးလူမျိုးတွင် သန့်ရှင်းသောအရှင် ထာဝရဘုရားဖြစ်ကြောင်း လူမျိုးတကာတို့သိရလိမ့်မည်။
ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
ကောင်းကင်တမန်နှင့် ပြိုင်၍အနိုင်ရခဲ့၏။ ကိုယ်တော့်ထံ ငိုကြွေး၍ ကောင်းချီးတောင်းခံခဲ့၏။ ဗေသလမြို့တွင် ကိုယ်တော်နှင့်တွေ့၏။ ထိုအရပ်တွင် ကိုယ်တော်သည် ငါတို့နှင့် စကားပြောဆိုခဲ့၏။
ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းသောအခါ တောင်းလျှောက်သမျှသောအရာတို့ကို ရရှိပြီဟုယုံကြည်ကြလော့။ ထိုအခါ သင်တို့အတွက် ထိုအတိုင်းဖြစ်လိမ့်မည်။
သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။