အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 43:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊

အခန်းကိုကြည့်ပါ။

Garrad Bible

မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း‌ ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း‌ ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း‌ ကောင်း မိန့် ဆို ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 43:6
26 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။


လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။


ထို​အချိန်​တွင် အရပ်ရှည်​၍​အသားအရေ​ချောမွတ်​သော​လူမျိုး​၊ အနီး​အဝေး​ရှိ​လူ​တို့​ကြောက်ရွံ့​ရ​သော​လူမျိုး​၊ မြစ်​များ​ဖြာထွက်​သော​ပြည်​၌​နေ​သည့် ခွန်အားကြီး​၍ နိုင်ထက်စီးနင်း​ပြု​တတ်​သော​လူမျိုး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အတွက် လက်ဆောင်ပဏ္ဏာ​ကို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဇိအုန်​တောင်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။


ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။


ကြည့်ရှု​လော့​။ သူ​တို့​သည် ရပ်ဝေး​မှ​လာ​ကြ​လိမ့်မည်​။ မြောက်အရပ်​၊ အနောက်​အရပ်​မှ​လည်းကောင်း​၊ သိနိမ်​ပြည်​မှ​လည်းကောင်း လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် တိုင်းနိုင်ငံ​တို့​ကို လက်​မြှောက်ပြ​မည်​။ လူမျိုးတကာ​တို့​ကို အချက်ပြအလံ ထူပြ​မည်​။ သူ​တို့​သည် သင်​၏​သား​တို့​ကို လက်​ထဲ၌​ပွေ့ချီ​လာ​မည်​။ သင်​၏​သမီး​တို့​ကို ပခုံး​ပေါ်၌ ထမ်းလာ​ကြ​မည်​။


အကြောင်းမူကား သင်​သည် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ ပျံ့နှံ့​ရောက်ရှိ​မည်​။ သင်​၏​သားစဉ်မြေးဆက်​တို့​သည် တိုင်းနိုင်ငံ​တို့​ကို​ပိုင်ဆိုင်​မည်​။ လူသူကင်းမဲ့​သော​မြို့​တို့​၌ နေထိုင်​ကြ​မည်​။


ပတ်ပတ်လည်​သို့​မျှော်ကြည့်​လော့​။ လူ​အပေါင်း​တို့​သည်​စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ သင်​၏​သား​တို့​သည် အဝေး​က​လာ​၍ သင်​၏​သမီး​တို့​ကို ပွေ့​ချီလာ​ကြ​မည်​။


အကယ်စင်စစ် ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​ကြ​လိမ့်မည်​။ သင့်​ကို ဘုန်းထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အတွက်​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​အတွက် တာရှု​သင်္ဘော​တို့​သည် သင်​၏​သား​တို့​ကို သူ​တို့​၏​ရွှေ​ငွေ​များ​နှင့်အတူ အဝေး​မှ အဦးဆုံး​ခေါ်ဆောင်​လာ​လိမ့်မည်​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ စင်ကြယ်​သော​တန်ဆာပလာ​ဖြင့် ပူဇော်သက္ကာ​ကို ယူဆောင်​ခဲ့​ကြ​သကဲ့သို့ ထို​သူ​တို့​သည် ခပ်သိမ်း​သော​ပြည်​မှ သင်​တို့​၏​ညီအစ်ကို​ရှိသမျှ​တို့​ကို ထာဝရဘုရား​ထံ ပူဇော်သက္ကာ​အဖြစ် မြင်း​များ​၊ စစ်ရထား​များ​၊ ထမ်းစင်​များ​၊ လား​များ​၊ ကုလားအုတ်​များ​ပေါ်တွင်​တင်​၍ ငါ​၏​သန့်ရှင်း​သော​တောင်​၊ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​ခဲ့​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


‘​မြောက်ဘက်​အရပ်​မှ​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ အစ္စရေး​အမျိုးသား သားစဉ်မြေးဆက်​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ သူ​တို့​သည် နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ငါ့​ကို တွေ့​လိမ့်မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဖမ်းဆီးခေါ်ဆောင်​သွား​ရာ​မှ သင်​တို့​ကို ငါ​ပြန်ခေါ်​လာ​မည်​။ လူမျိုး​တကာ​တို့​ထံမှ​လည်းကောင်း​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ​လည်းကောင်း သင်​တို့​အား ပြန်စုဝေး​စေ​မည်​ဟု​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​ရာ​အရပ်​မှ သင်​တို့​ကို​ပြန်ခေါ်​လာ​မည်​။


အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လာ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထာဝရဘုရား​က “ငါ​သည် သင်​တို့​၏​ခင်ပွန်း​ဖြစ်​၏​။ သင်​တို့​ကို မြို့​တစ်​မြို့​လျှင်​တစ်ယောက်​၊ မျိုးနွယ်စု​တစ်​စု​လျှင်​နှစ်​ယောက် ရွေးယူ​၍ ဇိအုန်​မြို့​သို့​ပို့ဆောင်​မည်​။


ငါ​သည် ထို​သူ​တို့​ကို မြောက်ဘက်​အရပ်​မှ ခေါ်ဆောင်​လာ​မည်​။ မြေကြီး​စွန်း​မှ ခေါ်ယူစုစည်း​မည်​။ သူ​တို့​နှင့်အတူ မျက်စိမမြင်​သူ​၊ ခြေမသန်သူ​၊ ကိုယ်ဝန်ဆောင်​သူ​၊ မီးဖွားခါနီးသူ​ပါ​သော လူအုပ်​ကြီး​သည် ဤ​အရပ်​သို့ ပြန်လာ​ကြ​လိမ့်မည်​။


‘ငါ​သည် သင်​တို့​ကို လူမျိုးတကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်​ပို့ဆောင်​မည်​။


သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​ရောက်​ရာ​လူမျိုးခြား​တို့​အလယ်​မှ ပြန်ခေါ်​လာ​မည်​။ သူ​တို့​ရောက်​ရာ​အရပ်ရပ်​မှ သူ​တို့​ကို​စုစည်း​ပြီး နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။


သင်​တို့​ရောင်းစား​ရာ​အရပ်​မှ သူ​တို့​ကို လွတ်မြောက်​စေ​မည်​။ သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


မြင်း​နက်​များ​က​သော​စစ်ရထား​သည် မြောက်​ပြည်​သို့ ထွက်သွား​၍ မြင်း​ဖြူ​များ​က​သော​စစ်ရထား​သည် သူ​တို့​နောက်​သို့ လိုက်​၏​။ အစက်အပြောက်​ပါ​သော​မြင်း​များ​က​သော​စစ်ရထား​သည် တောင်​ပြည်​သို့ ထွက်သွား​လေ​၏”​ဟု ဆို​၏​။


သင်​သည် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​လျှင်ပင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​အရပ်​မှ ပြန်လည်​စုစည်း​၍ ထို​အရပ်​မှ ပြန်လည်​ခေါ်ဆောင်​လာ​တော်မူ​မည်​။