Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 43:6 - Common Language Bible

6 သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6-7 မြောက် မျက် နှာ အား အပ် လော့ ဟူ၍လည်း‌ ကောင်း၊ တောင် မျက် နှာ အား၊ မ ထိမ် မ ချန် နှင့် ဟူ၍လည်း‌ ကောင်း၊ ဘုန်း တော် ကို ထင် ရှား စေ ရန် ငါ စီ မံ ပြု ပြင် ဖန် ဆင်း ပြီး သူ၊ ငါ့ နာ မ ဖြင့် သ မုတ် သော သား သ မီး ဟူ သ မျှ တို့ ကို၊ ဝေး ကွာ ရာ မြေ ကြီး အ စွန်း မှ ပင် ခေါ် ဆောင် ခဲ့ လော့ ဟူ၍လည်း‌ ကောင်း မိန့် ဆို ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 43:6
26 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``အို သစ္စာ​ဖောက်​သည့်​လူ​မျိုး တို့၊ ပြန်​၍​လာ​ကြ​လော့။ ငါ​သည်​သင်​၏​ခင်​ပွန်း ဖြစ်​၏။ သင်​တို့​အား​မြို့​တစ်​မြို့​လျှင်​တစ်​ယောက် ကျ၊ သား​ချင်း​စု​တစ်​စု​လျှင်​နှစ်​ယောက်​ကျ ရွေး​ချယ်​၍ ဇိ​အုန်​တောင်​သို့​ပြန်​လည်​ခေါ်​ဆောင် မည်။-


နိုင်း​မြစ်​ဖျား​တွင်​တည်​ရှိ​သည့်​ထို​နိုင်​ငံ​မှ လည်း​ကောင်း၊ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့် ထို​လူ​မျိုး​ထံ​မှ​လည်း​ကောင်း၊ ရုပ်​ရည်​ချော​မော ၍​မြင့်​မား​သည့်​ထို​ပြည်​သား​တို့​ထံ​မှ​လည်း ကောင်း၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့​ကြ သူ​ထံ​မှ​လည်း​ကောင်း၊ ပူ​ဇော်​သကာ​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဇိ​အုန်​တောင်​တော်​သို့​လာ​ရောက်​ကြ​လိမ့်​မည်။


သင်​တို့​သည်​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့် သွား​သော်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ နေ​ထိုင်​ခဲ့​သော​ပြည်​ကို သင်​တို့​တစ်​ဖန် သိမ်း​ယူ​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ကို​စု​သိမ်း​၍​ပြန်​လည်​ခေါ်​ဆောင်​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​သင်​တို့​အား​သင် တို့​၏​ဘိုး​ဘေး​တို့​ထက် စီး​ပွား​ပို​မို​တိုး တက်​စေ​တော်​မူ​လိမ့်​မည်။ လူ​ဦး​ရေ​လည်း ပို​မို​များ​ပြား​စေ​တော်​မူ​လိမ့်​မည်။-


``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။


ငါ​၏​လူ​မျိုး​တော်​သည်​ရပ်​ဝေး​ဒေ​သ​များ​မှ လည်း​ကောင်း၊ မြောက်​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​ရှိ​သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။


သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။


သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။


ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။


``သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​သင် တို့​အ​မျိုး​သား​များ​ကို ထာ​ဝ​ရ​ဘု​ရား အ​တွက်​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ခေါ်​ဆောင် လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​အ​သီး​အ​နှံ​များ​ကို ထုံး​တမ်း​စဉ် လာ​အ​ရ​သန့်​စင်​သည့်​အိုး​ခွက်​များ​တွင် ထည့်​၍ ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ​ကြ သ​ကဲ့​သို့၊ ထို​သူ​တို့​သည်​အ​ဆို​ပါ​လက် ဆောင်​ပဏ္ဏာ​များ​ကို​မြင်း၊ မြည်း၊ ကု​လား အုပ်​များ​မြင်း​ရ​ထား​နှင့်​လှည်း​များ​နှင့် တင်​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​သန့်​ရှင်း​မြင့် မြတ်​သော​တောင်​တော်​ပေါ်​သို့​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။-


သူ​တို့​သည်​ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား၊ ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ဘက်​ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ လွင့်​စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင် ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။


ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။


ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-


ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။-


သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။-


မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။-


မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ