Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​ရောင်းစား​ရာ​အရပ်​မှ သူ​တို့​ကို လွတ်မြောက်​စေ​မည်​။ သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7-8 ရောင်း လိုက် သော အ ရပ် မှ၊ ထို ယု ဒ အ မျိုး သား တို့ ကို ငါ ဆော် ဩ ပြီး လျှင်။ သူ တို့ လက် တွင်း သို့ ငါ ရောင့် ချ မည့် သင် တို့ သား သ မီး များ ကို၊ ဝေး ကွာ စွာ နေ သော ရှေ ဘ လူ မျိုး တို့ အား တ ဆင့် ရောင်း ချ ရ ခြင်း နှင့်။ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း။ သင် တို့ အ ပြု အ မူ ကို၊ ကိုယ့် ထိပ် ပေါ် တွင် တုံ့ ပြန် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့ ရောင်း​လိုက်​ရာ​အ​ရပ်​မှ ငါ​သည်​ထ​မြောက်၍၊ သင်​တို့ ရန်​တုံ့​ပြု​ခြင်း​ကို သင်​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 3:7
24 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။


လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။


ကြည့်ရှု​လော့​။ သူ​တို့​သည် ရပ်ဝေး​မှ​လာ​ကြ​လိမ့်မည်​။ မြောက်အရပ်​၊ အနောက်​အရပ်​မှ​လည်းကောင်း​၊ သိနိမ်​ပြည်​မှ​လည်းကောင်း လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မြို့​ထဲမှ​ဆူဆူညံညံ​အသံ​၊ ဗိမာန်တော်​ထဲမှ​အသံ​သည် ရန်သူ​တို့​အား အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​တော်မူ​သော ထာဝရဘုရား​၏​အသံ​ပေတည်း​။


‘​မြောက်ဘက်​အရပ်​မှ​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ အစ္စရေး​အမျိုးသား သားစဉ်မြေးဆက်​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ သူ​တို့​သည် နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​၊ စိတ်​မ​ပျက်​နှင့်​။ သင့်​ကို ဝေး​သော​အရပ်​မှ​၊ သင်​၏​အမျိုးအနွယ်​ကို သုံ့ပန်း​အဖြစ်​နေ​ရ​သော​ပြည်​မှ ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သင့်​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​သည် ဝါးမျို​ခြင်း​ကို​ခံရ​လိမ့်မည်​။ သင်​၏​ရန်သူ​အပေါင်း​တို့​သည် တစ်ယောက်မကျန် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​ရ​လိမ့်မည်​။ သင့်​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​သည်​လည်း တိုက်ခိုက်လုယက်​ခြင်း​ခံရ​မည်​။ သင့်​ကို သိမ်းပိုက်​သော​သူ​အပေါင်း​တို့​သည် သိမ်းပိုက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ထို​သူ​တို့​ကို မြောက်ဘက်​အရပ်​မှ ခေါ်ဆောင်​လာ​မည်​။ မြေကြီး​စွန်း​မှ ခေါ်ယူစုစည်း​မည်​။ သူ​တို့​နှင့်အတူ မျက်စိမမြင်​သူ​၊ ခြေမသန်သူ​၊ ကိုယ်ဝန်ဆောင်​သူ​၊ မီးဖွားခါနီးသူ​ပါ​သော လူအုပ်​ကြီး​သည် ဤ​အရပ်​သို့ ပြန်လာ​ကြ​လိမ့်မည်​။


‘ကြည့်ရှု​လော့​။ ငါ​သည် ပြင်းစွာ​သော​အမျက်ဒေါသ​ဖြင့် သူ​တို့​ကို​နှင်ထုတ်​ခဲ့​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုဝေး​စေ​ပြီး ဤ​အရပ်​သို့ ပြန်လာ​စေ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​စေ​မည်​။


‘ငါ​သည် သင်​တို့​ကို လူမျိုးတကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်​ပို့ဆောင်​မည်​။


ကာလ​အတန်ကြာ​ပြီးနောက် သင့်​ကို​ဆင့်ခေါ်​လိမ့်မည်​။ နောင်​ကာလ​တွင် သင်​သည် ဓားဘေး​မှ​လွတ်မြောက်​လာ​သော​သူ​၊ လူမျိုး​တကာ​တို့​ထံမှ ပြန်လည်​စုစည်း​သော​သူ​တို့​၏​ပြည်​ထဲသို့ ကျူးကျော်​ဝင်ရောက်​မည်​။ သူ​တို့​သည် လူမျိုးတကာ​တို့​ထံမှ ပြန်လည်​ထုတ်ဆောင်​လာ​သော​သူ​များ​ဖြစ်၍ ကြာမြင့်​စွာ​ဆိတ်ညံ​နေ​သော အစ္စရေး​တောင်တန်း​တွင် ဘေးကင်းလုံခြုံ​စွာ နေထိုင်​လျက်​ရှိ​သော​သူ​များ​ဖြစ်​၏​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


ငါ​သည် ယုဒ​ကို လေးသဖွယ် တင်​မည်​၊ ဧဖရိမ်​ကို မြားသဖွယ် ပြု​မည်​။ အို ဇိအုန်​၊ သင့်​သား​တို့​ကို ငါ​နှိုးဆော်​မည်​။ အို ဂရိ​၊ သင့်​သား​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သင့်​ကို စစ်သူရဲ​၏​ဓား​သဖွယ် ဖြစ်​စေ​မည်​။”


အကြောင်းမူကား သင်​တို့​စီရင်​သည့်​နည်းလမ်း​အတိုင်း သင်​တို့​သည် စီရင်​ခြင်း​ခံရ​၍ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​လိမ့်မည်။


သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။


ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။


အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


ထိုအခါ အဒေါနိဗေဇက်​မင်းကြီး​က “​ငါ​သည် ဘုရင်​အပါး​ခုနစ်ဆယ်​တို့​၏​ခြေမ​၊ လက်မ​ကို​ဖြတ်​၍ ငါ့​စားပွဲ​အောက်​၌​စားနုပ်စားပေါက်​တို့​ကို​ကောက်စား​စေ​ခဲ့​၏​။ ဘုရားသခင်​သည် ငါ​ပြု​ခဲ့​သည့်​အတိုင်း ငါ့​အား​ပြန်ပြု​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် အဒေါနိဗေဇက်​မင်းကြီး​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး ထို​မြို့​၌ပင် သူ​သေ​လေ​၏​။


သို့သော် ရှမွေလ​က သူ့​အား “​သင့်​ဓား​သည် မိခင်​တို့​ကို သားသမီး​ဆုံးပါး​စေ​သကဲ့သို့ သင့်​မိခင်​သည်​လည်း မိန်းမ​တို့​တွင် သားသမီး​ဆုံးပါး​သူ ဖြစ်​ရ​မည်​”​ဟု ဆို​ပြီး ရှမွေလ​သည် အာဂတ်​ကို ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ အပိုင်းပိုင်း​ခုတ်ဖြတ်​လိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ