ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ဟေရှာယ 43:3 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားဖြစ်၏။ သင်၏ကယ်တင်ရှင်ဖြစ်၏။ သင့်ကို ရွေးနုတ်စရာအဖိုးအခအဖြစ် အီဂျစ်ပြည်ကိုလည်းကောင်း၊ သင့်ကိုယ်စား အီသီယိုးပီးယားပြည်နှင့် သေဘပြည်တို့ကိုလည်းကောင်း ငါပေးအပ်လိုက်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။ Garrad Bible ငါ သည် သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ သင့် ကို ကယ် တင် ပိုင် ရှင် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ဖြစ် သည် နှင့် သင့် ကို ရွေး နုတ် ဖိုး အ ဖြစ် အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ သင့် အ စား ကု ရှ ပြည်၊ သေ ဘ ပြည် များ ကိုလည်း ကောင်း၊ ငါ အပ် နှင်း သည့် ပြင်၊ Judson Bible အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။ သင့်ကိုရွေးဖို့၊ အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ဖြောင့်မတ်သောသူသည် ဆင်းရဲဒုက္ခထဲမှလွတ်မြောက်၍ ဆိုးယုတ်သောသူသည် သူ့အစားဝင်ရ၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအတွက်လည်းကောင်း၊ သစ္စာမဲ့သောသူသည် ဖြောင့်မှန်သောသူအတွက်လည်းကောင်း ရွေးနုတ်စရာအဖိုးအခဖြစ်ရလိမ့်မည်။
ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
ဤလမ်းမှ ထွက်သွားကြပါ။ ဤလမ်းမှ ရှောင်သွားကြပါ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို ငါတို့ရှေ့မှ ကွယ်ပျောက်စေကြပါ”ဟု ဆိုတတ်ကြ၏။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
ကြည့်ရှုလော့။ ယခု သူတို့ကို ငါသိစေမည်။ ငါ့လက်ရုံးရည်၊ ငါ့အစွမ်းတန်ခိုးကို သူတို့အား သိမြင်စေမည်။ “ထာဝရဘုရား”ဟူသည်မှာ ငါ၏နာမဖြစ်ကြောင်း သူတို့သိကြရလိမ့်မည်။
ငါ့နာမသန့်ရှင်းကြောင်းကို ငါ့လူမျိုးတော်အစ္စရေးတို့အား သိစေမည်။ သန့်ရှင်းသောငါ့နာမကို ရှုတ်ချခွင့်ပြုတော့မည်မဟုတ်။ ငါသည် အစ္စရေးလူမျိုးတွင် သန့်ရှင်းသောအရှင် ထာဝရဘုရားဖြစ်ကြောင်း လူမျိုးတကာတို့သိရလိမ့်မည်။
“သင်တို့ အီဂျစ်ပြည်၌ရှိစဉ်ကပင် ငါ ထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားကို သင်တို့မသိ။ ငါမှတစ်ပါး သင်တို့ကို ကယ်တင်နိုင်မည့်ဘုရား မရှိ။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။ မြေပေါ်မှာတွားသွားသော မည်သည့်သတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။
ထာဝရဘုရားက “အို အစ္စရေးအမျိုးသားတို့၊ သင်တို့သည် ငါ့အဖို့ အီသီယိုးပီးယားအမျိုးသားများနှင့် တူသည်မဟုတ်လော။ အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှလည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့ကို ကတ္တောရကျွန်းမှလည်းကောင်း၊ ဆီးရီးယားလူမျိုးတို့ကို ကိရပြည်မှလည်းကောင်း ငါထုတ်ဆောင်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။