အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 42:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။''

အခန်းကိုကြည့်ပါ။

Garrad Bible

ရုပ် ပွား ဆင်း တု တို့ အား၊ အ ကျွန်ုပ် တို့ ဘု ရား ဟု ဝန် ခံ လျက် ကိုး စား သူ တို့ မူ ကား ဆုတ် လန် ခြင်း၊ ကြီး စွာ အ ရှက် ကွဲ ခြင်း ကို ခံ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 42:17
13 ပူးပေါင်းရင်းမြစ်များ  

၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။


ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌ ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။ ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။


အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။


သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ အလျင်အမြန်​လွဲသွား​ကြ​ပြီ​။ သူ​တို့​သည် မိမိ​တို့​အဖို့ နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ရှိခိုးကိုးကွယ်​ကြ​ပြီ​။ ထို​ရုပ်တု​အား ယဇ်ပူဇော်​၍ ‘​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟူ၍ ပြောဆို​ကြ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


အကယ်စင်စစ် သူ​တို့​သည် သင်​တို့​တပ်မက်​ခဲ့​သော​ဝက်သစ်ချပင်​တို့​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ သင်​တို့ ရွေးချယ်​ခဲ့​သော​ဥယျာဉ်​တို့​ကြောင့် မျက်နှာပျက်​ရ​လိမ့်မည်​။


သူ​၏​အပေါင်းအဖော်​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​။ လက်မှုပညာသည်​တို့​သည် လူ​မျှသာ​ဖြစ်​၏​။ သူ​တို့​အားလုံး စုရုံး​၍ ရပ်​နေ​ကြ​ပါစေ​။ သူ​တို့​သည် ကြောက်ရွံ့​လျက် အတူတကွ​အရှက်ကွဲ​ရ​လိမ့်မည်​။


သူ​သည် ကျန်တစ်ပိုင်း​ဖြင့် သူ​၏​ဘုရား​ဖြစ်​သော ရုပ်တုဆင်းတု​ကို ထုလုပ်​တတ်​၏​။ ထို​ရုပ်တု​ကို ပျပ်ဝပ်​ကိုးကွယ်​လျက် ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​’​ဟု ဆုတောင်း​တတ်​၏​။


ရုပ်တုဆင်းတု​ကို​ထုလုပ်​သော​သူ​အားလုံး​တို့​သည် အချည်းနှီး​သက်သက်​ဖြစ်​ကြ​၏​။ သူ​တို့​တပ်မက်​သော​အရာ​တို့​သည် အကျိုး​မ​ရှိ​။ သူ​တို့​၏​သက်သေ​တို့​သည်​လည်း မ​မြင်​တတ်​၊ မ​သိ​တတ်​သောကြောင့် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။


ထို့ကြောင့် အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​စား​ရ​သော်လည်း သင်​တို့​ဆာလောင်မွတ်သိပ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​သောက်​ရ​သော်လည်း သင်​တို့​ရေငတ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​ဝမ်းမြောက်​ရ​သော်လည်း သင်​တို့​အရှက်ကွဲ​ကြ​လိမ့်မည်​။


ငါ​မြင်​ရ​သော​အရာ​ကား အဘယ်နည်း​။ သူ​တို့ ကြောက်​၍ နောက်ပြန်ဆုတ်​ကြ​ပါ​သည်​တကား​။ သူ​တို့​၏​စစ်သူရဲ​တို့​သည် ချေမှုန်း​ခြင်း​ခံရ​သဖြင့် နောက်ပြန်လှည့်​မ​ကြည့်​ဘဲ ဘေးလွတ်​ရာ​သို့​ထွက်ပြေး​ကြ​ပါ​သည်​တကား​။ ကြောက်လန့်စရာ​များ ဝိုင်းရံ​နေ​ပါ​သည်​တကား​”​ဟု မိန့်​တော်မူ​၏​။