ထိုဥပဒေသတို့သည် ကာလအစဉ်အဆက်တည်မြဲ၍ ၎င်းတို့ကို သစ္စာနှင့်ဖြောင့်မှန်ခြင်းဖြင့် စီရင်ထားတော်မူ၏။
ဟေရှာယ 40:8 - မြန်မာ့စံမီသမ္မာကျမ်း မြက်ပင်သည် ခြောက်သွေ့တတ်၏။ ပန်းပွင့်သည် ညှိုးနွမ်းတတ်၏။ ငါတို့ဘုရားသခင်၏နှုတ်ကပတ်တော်မူကား အစဉ်အမြဲတည်လိမ့်မည်”ဟု ဆိုလေ၏။ Common Language Bible မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။ Garrad Bible မြက် ညှိုး လျက်၊ ပန်း နွမ်း လျက် ရှိ တတ်၏။ ငါ တို့ ဘု ရား သ ခင့် နှုတ် က ပတ် တော် ကား၊ က မ္ဘာ အ ဆက် ဆက် တည် လ တ္တံ့ ဟူ၍ တည်း။ Judson Bible မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။ |
ထိုဥပဒေသတို့သည် ကာလအစဉ်အဆက်တည်မြဲ၍ ၎င်းတို့ကို သစ္စာနှင့်ဖြောင့်မှန်ခြင်းဖြင့် စီရင်ထားတော်မူ၏။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ဤသည်ကား သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ သင်တို့ကို ဤပြည်တွင် ငါဒဏ်ခတ်မည်။ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့စကားအမှန်တည်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ၊ သို့မဟုတ် ဗိန္ဒုတစ်လုံးမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍
ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက်တည်၏။ ဤနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသည့် ကောင်းမြတ်သောသတင်းပင်ဖြစ်၏။