ကွေ့ကောက်သောလမ်းစဉ်နှင့် သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူများဖြစ်ကြ၏။
ဟေရှာယ 40:4 - မြန်မာ့စံမီသမ္မာကျမ်း ချိုင့်ဝှမ်းရှိသမျှကို ဖို့၍ တောင်ကြီးတောင်ငယ်ရှိသမျှကို ဖြိုရမည်။ မညီညာသောမြေသည် ချောမွေ့၍ ကြမ်းတမ်းသောနေရာတို့သည် လွင်ပြင်ဖြစ်သွားမည်။ Common Language Bible ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။ တောင်ကုန်းများသည် မြေညီဖြစ်လျက် ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။ Garrad Bible ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း ခံ လျက်၊ မောက် ရာ သည် လွင် ပြင်၊ ကြမ်း ရာ သည် ကွင်း ပြင် ဖြစ် ရ သ ဖြင့်၊ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သည့် အ တိုင်း၊ Judson Bible ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ |
ကွေ့ကောက်သောလမ်းစဉ်နှင့် သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူများဖြစ်ကြ၏။
ကြွေးကြော်သံတစ်ခုမှာ “တောကန္တာရ၌ ထာဝရဘုရားကြွတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။ သဲကန္တာရ၌ ငါတို့၏ဘုရားသခင်ကြွတော်မူမည့် လမ်းမကြီးကို ဖြောင့်တန်းစေကြလော့။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထင်ရှားတော်မူမည်။ လူအပေါင်းတို့သည် အတူတကွဖူးမြင်ရကြလိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူပြီ”ဟူ၍ဖြစ်၏။
တောကန္တာရနှင့် တောကန္တာရရှိမြို့များ၊ ကေဒါအမျိုးနေထိုင်သောရွာများသည် မိမိတို့အသံကို လွှင့်ကြပါစေ။ သေလမြို့သားတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ တောင်ထိပ်တွင် ကြွေးကြော်ကြပါစေ။
“သင့်ရှေ့မှ ငါသွား၍ ကုန်းမြင့်တို့ကို ညီညာစေမည်။ ကြေးဝါတံခါးတို့ကိုချိုးဖျက်၍ သံကန့်လန့်ကျင်တို့ကို ငါဖြတ်ပစ်မည်။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနိမ့်စေ၍ နိမ့်သောအပင်ကိုမြင့်စေကြောင်း၊ စိမ်းလန်းသောအပင်ကိုခြောက်သွေ့စေ၍ ခြောက်သွေ့သောအပင်ကိုဝေဆာစေကြောင်း ကွင်းပြင်မှသစ်ပင်ရှိသမျှတို့ သိကြရလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်းပြုမည်’ဟူ၍ မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက ‘ခေါင်းပေါင်းကိုချွတ်လော့။ သရဖူကိုဖယ်ရှားလော့။ ဤအတိုင်းမရှိစေရ။ နိမ့်ကျသောသူကိုချီးမြှောက်၍ ကြီးမြတ်သောသူကို နိမ့်ကျစေမည်။
အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ချိုင့်ဝှမ်းလျှိုမြောင်ရှိသမျှတို့ကိုဖို့၍ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်တန်းစေ၍ ကြမ်းတမ်းသောလမ်းများကို ချောမွေ့စေရမည်။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။