Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 3:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ချိုင့်ဝှမ်း​လျှိုမြောင်​ရှိသမျှ​တို့​ကို​ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်တန်း​စေ​၍ ကြမ်းတမ်း​သော​လမ်း​များ​ကို ချောမွေ့​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။ လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ကြမ်း​တမ်း​သော​လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ချိုင့်ဝှမ်းများ ရှိသမျှတို့​သည် ညီညာ​ချောမွေ့ရ​လိမ့်မည်။ တောင်ကုန်း​တောင်တန်းများ​သည် ညီညာ​ပြန့်ပြူး သွားရ​လိမ့်မည်။ ကောက်သော​လမ်းများ​သည် ဖြောင့်တန်း​သွားရ​လိမ့်မည်။ ကြမ်းတမ်းသော​လမ်းများ​သည်လည်း ချောမွေ့​ပြေပြစ်​လာရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 ကြမ်း​တမ်း​သော​လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 3:5
11 ပူးပေါင်းရင်းမြစ်များ  

ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။


ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။


“​သင့်​ရှေ့​မှ ငါ​သွား​၍ ကုန်းမြင့်​တို့​ကို ညီညာ​စေ​မည်​။ ကြေးဝါ​တံခါး​တို့​ကို​ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​တို့​ကို ငါ​ဖြတ်ပစ်​မည်​။


ငါ​သည် တောင်​ရှိသမျှ​တို့​ကို လမ်း​ဖြစ်စေ​မည်​။ လမ်းမကြီး​တို့​ကို​လည်း ဖို့​မည်​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


နိမ့်ပါး​သည့်​အခြေအနေ​၌​ရှိ​သော​ညီအစ်ကို​သည် မိမိ​ချီးမြှောက်​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ