ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ဟေရှာယ 40:24 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။ Common Language Bible သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။ Garrad Bible စိုက် ပျိုး ခွင့်၊ ကြဲ ပက် ခွင့်၊ မြေ၌ အ ငုတ် အ မြစ် စွဲ ခွင့် မ ရ ကြ မီ ပင်၊ ဝါ ယော တော် ဖြင့် ညှိုး နွမ်း ခြင်း၊ ဖွဲ ကဲ့ သို့ လေ ပြင်း တိုက် သွား ခြင်း များ ကို၊ ၎င်း တို့ ခံ ရ ကြ ရှာ လေ စွ။ Judson Bible အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။ |
ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ယေဟုသည် ယေဇရေလမြို့တွင် ကြွင်းကျန်သောအာဟပ်မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများ၊ အသိအကျွမ်းများမှစ၍ ယဇ်ပုရောဟိတ်များပါမကျန် အသက်ရှင်ခွင့်မပေးဘဲ အားလုံးကို ကွပ်မျက်ပစ်လိုက်လေ၏။
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။
သူ၏အမြစ်များသည် ကျောက်ပုံကို ရစ်ပတ်ထားပြီး ကျောက်တုံးများကြားတွင် နေရာရှာတတ်၏။
ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့ကို လေတိုက်ရာသို့လုံးထွေးလိမ့်ပါသွားတတ်သော ချုံပင်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာသို့လွင့်ပါသွားတတ်သည့် ကောက်ရိုးမျှင်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။
ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
သင်စိုက်ပျိုးသောနေ့၌ပင် အပင်ကြီးထွားအောင်၊ သင်မျိုးစေ့ချသောနံနက်၌ပင် ဖူးပွင့်အောင် ပြုသော်လည်း မပျောက်နိုင်သောဝေဒနာဆိုး ကျရောက်သောနေ့ရက်၌ ရိတ်သိမ်းခြင်းသည် ရှိတော့မည်မဟုတ်။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု သူတို့အား ဆင့်ဆို၏။
ထာဝရဘုရားအသက်ရှူထုတ်လိုက်သောအခါ မြက်ပင်သည် ခြောက်သွေ့၍ ပန်းပွင့်သည် ညှိုးနွမ်းသွား၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။
ထိုတောင်တို့ကို သင်သည် လှေ့မည်။ လေသည် သယ်ဆောင်သွားမည်။ မုန်တိုင်းသည် လွင့်စဉ်စေမည်။ သင်သည် ထာဝရဘုရား၌ ရွှင်လန်းမည်။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားမည်။
ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
သူသည် ညီအစ်ကိုများထဲတွင် အသီးများစွာသီးတတ်သော်လည်း အရှေ့လေတည်းဟူသော ထာဝရဘုရား၏လေသည် တောကန္တာရမှတိုက်လာ၍ သူ၏စမ်းရေတွင်းနှင့်ရေထွက်ပေါက်တို့သည် ခန်းခြောက်လိမ့်မည်။ ဘဏ္ဍာတိုက်ရှိအဖိုးတန်ရတနာအားလုံး တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ယခုမူ သင်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင့်အမည်သည် ဆက်လက်တည်တံ့တော့မည်မဟုတ်။ သင့်ဘုရားဝတ်ကျောင်းရှိ သွန်းလုပ်ထားသောရုပ်တုဆင်းတုများကို ငါဖျက်ဆီးပစ်မည်။ သင်သည် ဆိုးယုတ်သောကြောင့် သင့်အဖို့ သင်္ချိုင်းကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။