မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
ဟေရှာယ 40:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဝိညာဉ်တော်ကို မည်သူလမ်းညွှန်နိုင်သနည်း။ ကိုယ်တော့်ကို အကြံပေးသူ၊ ညွှန်ကြားသူကား မည်သူနည်း။ Common Language Bible ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။ အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။ သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။ Garrad Bible ထာ ဝ ရ ဘု ရား၏ ဉာဏ် တော် ကို တိုင်း တာ သူ၊ ကိုယ် တော် အား အ သိ ပ ညာ ပေး၍ တိုင် ပင် သူ ကား၊ မည် သူ နည်း။ Judson Bible ထာဝရဘုရား၏ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။ |
မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှမရှိ။ ငါမေးမြန်းသောအခါ သူတို့ထဲတွင် ပြန်ဖြေကြားနိုင်သောသူ တစ်ယောက်မျှမရှိ၊ အကြံပေးနိုင်သောသူ တစ်ယောက်မျှမရှိ။
သို့သော် မည်သူသည် ထာဝရဘုရား၏အစည်းအဝေး၌ရပ်သနည်း။ မည်သူသည် ဗျာဒိတ်တော်ကိုမြင်၍ စကားတော်ကို ကြားသနည်း။ မည်သူသည် စကားတော်ကို ကြား၍ အာရုံစိုက်နားထောင်သနည်း။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။
ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။
“မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။
အကြောင်းမူကား မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိ၍ သူ့ကိုသွန်သင်လိမ့်မည်နည်း။ ငါတို့၌မူကား ခရစ်တော်၏စိတ်ရှိ၏။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။