အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
ဟေရှာယ 4:6 - မြန်မာ့စံမီသမ္မာကျမ်း နေ့အချိန် အပူရှိန်ကိုကာကွယ်ပေးသောအရိပ်၊ မိုးသက်မုန်တိုင်းဘေးမှ ခိုလှုံရာ၊ ကွယ်ကာရာအဖြစ် တဲလည်းရှိမည်။ Common Language Bible ကိုယ်တော်၏ဘုန်းအသရေတော်သည်မြို့ တော်ကို နေ၏အပူရှိန်မှကာကွယ်၍ မိုးသက် မုန်တိုင်း၏ဒဏ်နှင့်ကင်းဝေးစေပြီးလျှင် ဘေးမဲ့လုံခြုံရာဖြစ်စေတော်မူလိမ့်မည်။ Garrad Bible နေ့ အ ချိန် နေ ရောင် ကို ကာ ရန်လည်း ကောင်း၊ မိုး သက် မုန် တိုင်း ကျ ရာ ခို လှုံ ရန်လည်း ကောင်း၊ တဲ သ ဖွယ် ရှိ လိမ့် မည်။ Judson Bible နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်းရောက်မှ လုံခြုံသောခိုလှုံရာ ဖြစ်လိမ့်မည်။ |
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
လေပြင်းဘေးမှလည်းကောင်း၊ မုန်တိုင်းဘေးမှလည်းကောင်း လွတ်မြောက်ရာသို့ ငါအလျင်အမြန်သွားပေလိမ့်မည်”ဟု ဆို၏။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
တိုင်းနိုင်ငံ၏သံတမန်တို့ကို မည်သို့ပြန်ပြောရမည်နည်း။ ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်တော်မူပြီ။ ထိုမြို့၌ အဖိနှိပ်ခံရသောလူမျိုးတော်တို့ ခိုလှုံကြလိမ့်မည်ဟု ပြန်ပြောရမည်။
အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ကြည့်ရှုလော့။ ရှင်ဘုရင်တစ်ပါးသည် ဖြောင့်မတ်စွာ စိုးစံမည်။ အကြီးအကဲတို့သည်လည်း တရားမျှတစွာ အုပ်ချုပ်မည်။
သူတို့သည် လေဘေးမှခိုလှုံရာ၊ မုန်တိုင်းဘေးမှကွယ်ကာရာကဲ့သို့၊ ခြောက်သွေ့သောအရပ်မှ စမ်းချောင်းကဲ့သို့၊ ပူပြင်းသောအရပ်မှ ကျောက်ဆောင်ကြီး၏အရိပ်ကဲ့သို့ ဖြစ်ကြမည်။
ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။