သူသည် ကိုယ်ဝန်ဆောင်၍ သားကို မွေးဖွားသော် “ဘုရားသခင်သည် ငါခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ဖယ်ရှားတော်မူပြီ”ဟု ဆို၏။
ဟေရှာယ 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။ Common Language Bible ထိုအချိန်ကျရောက်လာသောအခါ အမျိုးသားတစ်ယောက်လျှင် အမျိုးသမီး ခုနစ်ယောက်ဝိုင်း၍``ကျွန်မတို့သည်မိမိ တို့စားရေးဝတ်ရေးအတွက် တာဝန်ယူ နိုင်ပါသည်။ အိမ်ထောင်မဲ့ဖြစ်၍ကျွန်မတို့ အရှက်မရကြစေရန် ရှင့်အားကျွန်မတို့ ၏ခင်ပွန်းအဖြစ်ဖြင့်ဖော်ပြပါရစေ'' ဟုပြောဆိုကြလိမ့်မည်။ Garrad Bible ထို ကာ လ၊ မိန်း မ ခု နစ် ယောက် တို့ သည် ယောက်ျား တစ် ယောက် ကို ကိုင် ဆွဲ လျက်၊ ကျွန် မ တို့၌ အ ရှက် ပ စေ ရန် အ ရှင်၏ နာ မ ကို တွင် စေ ပါ လျှင်၊ ကိုယ့် အ စာ ကို စား၍ ကိုယ့် အ ဝတ် ကို ဝတ် ပါ မည် ဟု တောင်း ပန် ရ ကြ လိမ့် မည်။ Judson Bible သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မတို့ကိုမောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။ |
သူသည် ကိုယ်ဝန်ဆောင်၍ သားကို မွေးဖွားသော် “ဘုရားသခင်သည် ငါခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ဖယ်ရှားတော်မူပြီ”ဟု ဆို၏။
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
ထိုနေ့ရက်၌ လူသည် မိမိ၏ဖန်ဆင်းရှင်ကို မျှော်ကြည့်၍ သူ၏မျက်စိသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို ဖူးမြင်ရလိမ့်မည်။
ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ထို့ကြောင့် လူသည် မိသားစုထဲမှ မိမိ၏ညီအစ်ကိုကို ကိုင်ဆွဲပြီး “သင်၌ အဝတ်အစားရှိသေး၏။ ငါတို့ကို ဦးဆောင်ပေးပါ။ ဤအပျက်အစီးများကို သင်အုပ်စိုးပါ”ဟု ဆိုလိမ့်မည်။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုမျက်နှာသာပေးတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
ထိုသို့သောသူတို့သည် ကိုယ့်ထမင်းကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။
ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။