ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။
ဟေရှာယ 38:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။ Common Language Bible ဖြိုဖျက်၍ချလိုက်သည့်တဲကဲ့သို့လည်းကောင်း၊ ယက်ကန်းစင်မှဖြတ်၍ထုတ်လိုက်သည့် အဝတ်ကဲ့သို့လည်းကောင်း၊ ငါ၏အသက်တာသည်ဖြတ်၍ ကုန်ဆုံးသွားလေပြီ။ Garrad Bible သိုး ထိန်း တဲ ရှင် ကဲ့ သို့ ငါ၏ ယာ ယီ တဲ ကို နုတ် ယူ၍၊ ငါ နှင့် ခွဲ ထား လေ ပြီ။ ရက် ကန်း သည် လိပ် သ ကဲ့ သို့ အ သက် တာ ကို ငါ လိပ် လေ ပြီ။ ကိုယ် တော် သည် မြိတ် ဆာ မှ အ ကျွန်ုပ် ကို ဖြတ်၍ နေ့ ချင်း ဆုံး စေ တော် မူ လိမ့် မည် ဟု ငါ အောက် မေ့ သ တည်း။ Judson Bible သိုးထိန်းတဲကဲ့သို့ ငါနေသောအိမ်ကိုနုတ်ပယ်၍၊ အခြားတစ်ပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ |
ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။
ငါ့အသက်ဝိညာဉ် ချုပ်ငြိမ်းပြီ။ ငါနေရမည့်နေ့ရက်တို့ ကုန်ဆုံးပြီ။ သင်္ချိုင်းလည်း ငါ့ကို စောင့်ကြိုနေပြီ။
သူတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြား၌ပင် အမှုန့်ဖြစ်သွားနိုင်၏။ သတိမထားမိချိန်မှာပင် အစဉ်ပျက်စီးသွားနိုင်၏။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။
“ကိုယ်တော်၏မျက်မှောက်တော်မှ အဆက်ဖြတ်ခံရပြီ”ဟု အကျွန်ုပ်အလန့်တကြားပြောဆိုမိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်ထံ အကူအညီအော်ဟစ်တောင်းခံသောအခါ ကိုယ်တော်သည် အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူ၏။
ငါသည် ထိပါးနှောင့်ယှက်ခြင်းကို တစ်နေ့လုံးခံရ၏။ ဆိုဆုံးမခြင်းကိုလည်း နံနက်တိုင်းခံရ၏။
ကိုယ်တော်သည် လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၍ သူတို့သည် အိပ်ပျော်သွားကြရပါ၏။ လူသည် နံနက်အချိန်တွင် ကြီးထွားလာသည့် မြက်ပင်ကဲ့သို့ဖြစ်ပါ၏။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
အကြောင်းမူကား ငါတို့သည် ဤယာယီတဲတွင်ရှိနေစဉ် လေးလံသောဝန်ကိုထမ်း၍ ညည်းတွားကြ၏။ ထိုသို့ညည်းတွားကြခြင်းမှာ ထိုတဲကိုချွတ်ပယ်လို၍မဟုတ်ဘဲ ၎င်းအပေါ်၌လွှမ်းခြုံလို၍သာဖြစ်ပြီး ထိုသို့အားဖြင့် သေတတ်သောအရာသည် အသက်ရှင်ခြင်းထဲတွင် နစ်မြုပ်စေခြင်းခံရရန်ဖြစ်၏။
ကိုယ်တော်သည် ထိုအရာတို့ကို ခြုံထည်ကဲ့သို့လိပ်တော်မူသဖြင့် ၎င်းတို့သည် ဝတ်ရုံကဲ့သို့ပြောင်းလဲကြလိမ့်မည်။ ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏သက်တမ်းသည်လည်း ကုန်ဆုံးမည်မဟုတ်ပါ”ဟု မိန့်တော်မူ၏။
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။