Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 38:12 - Common Language Bible

12 ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သိုး ထိန်း တဲ ရှင် ကဲ့ သို့ ငါ၏ ယာ ယီ တဲ ကို နုတ် ယူ၍၊ ငါ နှင့် ခွဲ ထား လေ ပြီ။ ရက် ကန်း သည် လိပ် သ ကဲ့ သို့ အ သက် တာ ကို ငါ လိပ် လေ ပြီ။ ကိုယ် တော် သည် မြိတ် ဆာ မှ အ ကျွန်ုပ် ကို ဖြတ်၍ နေ့ ချင်း ဆုံး စေ တော် မူ လိမ့် မည် ဟု ငါ အောက် မေ့ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သိုး​ထိန်း​တဲ​ကဲ့​သို့ ငါ​နေ​သော​အိမ်​ကို​နုတ်​ပယ်၍၊ အ​ခြား​တစ်​ပါး​သို့ ဆောင်​သွား​ပြီ။ ရက်​ကန်း​သည် ပြု​သ​ကဲ့​သို့ ငါ့​အ​သက်​သည် လိပ်​လျက်​ရှိ၍၊ ရက်​ကန်း​စင်​မှ ငါ့​ကို ပယ်​ဖြတ်​တော်​မူ​လိမ့်​မည်။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ့​အိမ်​ကို သိုးထိန်း​တဲ​ကဲ့သို့ ဆွဲထုတ်​၍ ငါ့​ထံမှ​ဖယ်ရှား​လေ​ပြီ​။ ရက်ကန်း​သည် အဝတ်​လိပ်​သကဲ့သို့ ငါ့​အသက်​ကို ငါ​လိပ်​ရ​လေ​ပြီ​။ ရက်ကန်းစင်​မှ​ချည်​ကို​ဖြတ်​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ဖြတ်​တော်မူ​ပြီ​။ နေ့ချင်းညချင်း ငါ့​ကို အဆုံးသတ်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 38:12
20 ပူးပေါင်းရင်းမြစ်များ  

ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။


ငါ့အသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။


တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။


တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။


ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။


အာ​ဏာ​ပိုင်​တို့​သည်​ကွန်​တော်​မျိုး​အား ဆန့်​ကင်​ဘက်​ပြု​၍​တိုင်​ပင်​ကြံ​စည်​လက် နေ​ကြ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး မူ​ကား ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လေ့​လာ​ပါ​မည်။


ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။


ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။ နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။


အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။


ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-


ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-


ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။-


ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။ အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ