ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။
ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန်မြို့ နှင့်ရေဇပ်မြို့တို့ကိုဖျက်ဆီးပစ်ပြီးလျှင် တေလဇာမြို့တွင်နေထိုင်သူဘေသေဒင် အမျိုးသားတို့အားသုတ်သင်ပစ်ခဲ့ကြ၏။ သူတို့၏ဘုရားများအနက်အဘယ်မည် သောဘုရားမျှသူတို့ကိုမကယ်နိုင်ကြ။-
ဘေး တော် ဘိုး တော် တို့ မြေ လှန် ခဲ့ ရာ၊ ဂေါ ဇန်၊ ခါ ရန်၊ ရေ ဇပ် မြို့ သူ မြို့ သား တို့ မှ စ၍ တေ လ သာ မြို့ ရှိ ဧ ဒင် အ မျိုး သား တို့ ကို လူ မျိုး ခြား တို့၏ ဘု ရား များ သည် လွတ် မြောက် စေ ဖူး သ လော။
ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
တေရအသက်ရှင်ခဲ့သောနှစ်ပေါင်းမှာ နှစ်ရာ့ငါးနှစ်ဖြစ်၏။ ထို့နောက် တေရသည် ဟာရန်မြို့၌ သေဆုံးလေ၏။
အီဂျစ်ပြည်သို့ အာဗြံရောက်သောအခါ စာရဲသည် အလွန်လှပသောအမျိုးသမီးဖြစ်သည်ကို အီဂျစ်ပြည်သားတို့တွေ့မြင်ကြ၏။
ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် မိမိပုံဖော်ဖန်ဆင်းထားသောလူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏။
ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်ခွာ၍ ဟာရန်ပြည်သို့သွားလေ၏။
ယာကုပ်က သိုးထိန်းတို့အား “ငါ့ညီအစ်ကိုတို့၊ သင်တို့ အဘယ်အရပ်ကလာကြသနည်း”ဟု မေးရာ သူတို့က “ငါတို့သည် ဟာရန်မြို့မှလာကြသည်”ဟု ပြန်ဖြေကြ၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။ မည်သည့်လူမျိုးတစ်မျိုးမျိုး၏ဘုရားတို့သည် မိမိပြည်ကို အဆီးရီးယားဘုရင်၏လက်မှ ကယ်နုတ်နိုင်ခဲ့သနည်း။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ဒမတ်စကပ်မြို့၏ကန့်လန့်ကျင်ကို ချိုးဖျက်ပစ်မည်။ အာဝင်ချိုင့်သားတို့နှင့် ဗေသေဒင်မြို့မှ ရာဇလှံတံစွဲကိုင်သူကို သုတ်သင်ပစ်မည်။ အာရံပြည်သားတို့ကို ကိရပြည်သို့ဖမ်းခေါ်သွားမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်