ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။
ဟေရှာယ 34:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။ Common Language Bible ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် ဗော ဇ မြို့၌ ယဇ် ပွဲ၊ ဧ ဒုံ ပြည်၌ ပြင်း ထန် သော လုပ် ကြံ ပွဲ ကို ခံ တော် မူ ရ သည့် အ လျောက်၊ သိုး ဆိတ် များ သွေး နှင့် လည်း ကောင်း၊ သိုး ထီး များ ကျောက် ကပ် ဆီ ဥ နှင့် လည်း ကောင်း ဆီ သုတ် လျက် အ သွေး ပြည့် ဝ သော ဓား တစ် စင်း ရှိ တော် မူ၍၊ Judson Bible ထာဝရဘုရား၏ဓားတော်သည် အသွေးနှင့်ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။ |
ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။
ဗေလမင်းကြီး အနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သားယောဗပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ကောင်းကင်၌ ငါ့ဓားသည် ကျေနပ်အားရစွာစီရင်ပြီးမှ ကြည့်ရှုလော့။ ဧဒုံပြည်အပေါ်၊ ငါကျိန်သောလူမျိုးအပေါ် တရားစီရင်ရန်ဆင်းလာမည်။
အနီရောင်ဝတ်ရုံကိုဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှလာသော ဤသူကား မည်သူနည်း။ ထည်ဝါသောအဝတ်တန်ဆာကိုဆင်လျက် ကြီးမားသောခွန်အားနှင့် ချီတက်လာသော ဤသူကား မည်သူနည်း။ ဖြောင့်မတ်စွာမိန့်ဆိုသော၊ ကယ်တင်နိုင်စွမ်းရှိသော ငါပင်ဖြစ်၏။
စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
ထာဝရဘုရားက “ဗောဇရပြည်သည် ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ လူသူကင်းမဲ့ရာ၊ ကျိန်ဆဲစရာ ဖြစ်ရလိမ့်မည်။ ထိုပြည်ထဲရှိမြို့များသည် ပြိုပျက်ရာအစဉ်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုပြီ”ဟု မိန့်တော်မူ၏။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
ထာဝရဘုရားက “သူတို့ကို သိုးသငယ်ကဲ့သို့၊ သိုးထီးဆိတ်ထီးကဲ့သို့ ဆွဲထုတ်၍ သတ်မည်။
ဓားကိုပြောင်လက်အောင်၊ ထက်အောင် သွေးပြီး သတ်ပွဲကြီးဖြစ်တော့မည်ကို ငါတို့ဝမ်းသာရမည်လော။ ငါ့သား၏ရာဇလှံတံသည်လည်း အခြားသစ်ပင်များနည်းတူ သုတ်သင်ပယ်ရှင်းခံရတော့မည်။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။