အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 33:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သည်​ဖြစ်၍ မြင့်ရာအရပ်​၌​ကိန်းဝပ်​တော်မူ​၏​။ ဇိအုန်​တောင်​ကို တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​ဖြင့် ပြည့်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား သည် မြင့် မြတ် တော် မူ ၏။ မြင့် ရာ၌ စံ နေ၍၊ ဇိ အုန် မြို့ ကို တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စေ တော် မူ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ မြင့်​သော​အ​ရပ်၌ နေ​တော်​မူ၏။ ဇိ​အုန်​မြို့​ကို တ​ရား​သ​ဖြင့် ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့် ပြည့်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 33:5
43 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။


ကောင်းကင်ဘုံ​၌​စိုးစံ​တော်မူ​သော​အရှင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်ကြည့်​ပါ​၏​။


ထို့နောက် ထာဝရဘုရား​ထံ​တော်​သို့ မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ သီကျူး​သော​သီချင်း​ကား “​ထာဝရဘုရား​ထံသို့ ငါ​သီချင်းဆို​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​ပြီ​။ မြင်း​နှင့်​မြင်းစီး​သော​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။


သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိနှိပ်ညှဉ်းဆဲ​သော​အမှုအရာ​ကြောင့် ထာဝရဘုရား​သည် ဘုရား​ရှိသမျှ​တို့​ထက် ကြီးမြတ်​တော်မူ​ကြောင်း​ကို ယခု​ငါ​သိ​ပြီ​”​ဟု ဆို​၏​။


ထို​နေ့ရက်​၌ သင်​တို့​က “​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​သော​အမှု​တော်​တို့​ကို လူမျိုး​တို့​အလယ်​၌ ဖော်ပြ​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​မြင့်မြတ်​တော်မူ​ကြောင်း​ကို ထုတ်ဖော်​ပြောဆို​ကြ​လော့​။


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


ထို​နေ့ရက်​၌ မောက်မာ​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်းသာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


ထို​နေ့ရက်​၌ ယုဒ​ပြည်​တွင် ဤ​သီချင်း​ကို သီဆို​လိမ့်မည်​။ “​ငါ​တို့​၌ ခိုင်ခံ့​သော​မြို့​ရှိ​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ကို မြို့ရိုး​သဖွယ်​၊ တံတိုင်း​သဖွယ် တည်​တော်မူ​မည်​။


တရားပလ္လင်​ပေါ်​ထိုင်​သော​သူ​အတွက် တရားမျှတ​ခြင်း​ဝိညာဉ်​၊ မြို့​တံခါး​၌ ရန်သူ​ကို​တွန်းလှန်​သော​သူ​တို့​အတွက် ရဲစွမ်းသတ္တိ ဖြစ်​တော်မူ​မည်​။


ထို့ကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကျေးဇူးပြု​တော်မူ​ရန် စောင့်မျှော်​နေ​၏​။ သင်​တို့​ကို ကရုဏာ​ပြ​တော်မူ​ရန် ထ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတ​သော​ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​ကို စောင့်မျှော်​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​၏​။


ကြည့်ရှု​လော့​။ ရှင်ဘုရင်​တစ်​ပါး​သည် ဖြောင့်မတ်​စွာ စိုးစံ​မည်​။ အကြီးအကဲ​တို့​သည်​လည်း တရားမျှတ​စွာ အုပ်ချုပ်​မည်​။


ထာဝရဘုရား​က “​ယခုပင် ငါ​ထ​မည်​။ ငါ့ကိုယ်ငါ​ချီးမြှောက်​မည်​။ ငါ​သည် ချီးမြှောက်​ခြင်း​ခံရ​မည်​။


လူ​တို့​သည် သင်​တို့​၏​လုယက်ပစ္စည်း​ကို ကျိုင်းကောင်​အစုအအုံ​ကဲ့သို့ စုပုံ​ထား​ကြ​မည်​။ ကျိုင်းကောင်​များ​ခုန်ပေါက်​ပြေးလွှား​သကဲ့သို့ ထို​ပစ္စည်း​တို့​အပေါ် ပြေးလွှား​ကြ​မည်​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်းသာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မူကား တရားမျှတ​ခြင်း​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​မည်​။ သန့်ရှင်း​သော​အရှင်​သည် မိမိ​သန့်ရှင်း​တော်မူ​ကြောင်း​ကို ဖြောင့်မတ်​ခြင်း​အားဖြင့် ထင်ရှား​စေ​တော်မူ​မည်​။


အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။


ထာဝရဘုရား​က “​တရားမျှတ​ခြင်း​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​စွာ​ပြုကျင့်​ကြ​လော့​။ အကြောင်းမူကား ငါ​၏​ကယ်တင်​ခြင်း​သည် ရောက်​လု​နီး​ပြီ​။ ငါ​၏​ဖြောင့်မတ်​ခြင်း​တရား​သည်​လည်း ထင်ရှား​လုနီး​ပြီ​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။


မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။


ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။


ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။


ဤသို့ဖြင့် အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ကယ်တင်​ခြင်း​ခံရ​မည်​ဟူ၍​ဖြစ်​၏။ “ကယ်နုတ်​သော​အရှင်​သည် ဇိအုန်​မှ​ကြွလာ​ပြီး ယာကုပ်​၏​အမျိုးအနွယ်​ထဲမှ ဘုရား​တရား​မဲ့​ခြင်း​များ​ကို ဖယ်ရှား​တော်မူ​လိမ့်မည်။


ဤသည်ကား ယခု​အချိန်အခါ​၌ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေရန်​နှင့် ဘုရားသခင်​ကိုယ်တော်​တိုင် ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ယေရှု​ကို​ယုံကြည်​သော​သူ​အား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​ရန်​ဖြစ်​၏။