ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
ဟေရှာယ 33:13 - မြန်မာ့စံမီသမ္မာကျမ်း ရပ်ဝေးရှိလူတို့၊ ငါပြုသောအမှုကို ကြားသိကြလော့။ ရပ်နီးရှိလူတို့၊ ငါ့အစွမ်းတန်ခိုးကို သိမှတ်ကြလော့”ဟု မိန့်တော်မူ၏။ Common Language Bible ရပ်နီးရပ်ဝေးတွင်ရှိသမျှသောသူတို့သည် ငါပြုသည့်အမှုအရာများအကြောင်းကို ကြားရ၍ ငါ၏တန်ခိုးတော်ကိုသိမှတ်ကြ ရာ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ဝေး သော လူ တို့၊ ငါ ပြု သော အ မှု ကို ကြား ကြ လော့။ နီး သော သူ တို့၊ ငါ့ တန် ခိုး ကို သိ ကြ လော့ ဟု မိန့် တော် မူ၏။ Judson Bible ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။ |
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
အို ဘုရားသခင်၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ကိုယ်တော်၏နာမတော်နည်းတူ ကမ္ဘာမြေအစွန်းတိုင်အောင် ပျံ့နှံ့ပါ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းနှင့်ပြည့်ဝပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကြောင့် ဇိအုန်သည် ကြား၍ ဝမ်းမြောက်ပါ၏။ ယုဒပြည်၏သမီးတို့သည်လည်း ရွှင်လန်းကြပါ၏။
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။
ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ ဘုရင့်အတိုင်ပင်ခံများ ဝိုင်းအုံကြည့်ကြရာ ထိုသူတို့၏ကိုယ်ခန္ဓာကို မီးမလောင်၊ ဦးခေါင်းမှဆံပင်လည်း မီးမဟပ်၊ ဝတ်ရုံများလည်း မပျက်စီး၊ သူတို့ကိုယ်တွင်လည်း မီးခိုးနံ့ပင် မရကြောင်းကို တွေ့ရလေ၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။