အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ဟေရှာယ 32:9 - မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ထကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ Common Language Bible ပူပင်သောကမရှိဘဲအေးဆေးစွာနေထိုင် ကြသူအချင်းအမျိုးသမီးတို့၊ ငါပြော သည့်စကားကိုနားထောင်ကြလော့။- Garrad Bible ချမ်း သာ စွာ နေ ထိုင် သော မိန်း မ တို့၊ ငါ့ မြွက် ဆို သံ ကို ထ ရပ်၍ နာ ယူ ကြ လော့။ လျစ် လျူ နေ သော သ တို့ သ မီး တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။ Judson Bible ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကို နားထောင်ကြလော့။ |
အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ငါ့စကားကို စူးစိုက်နားထောင်၍ နာခံကြလော့။ ငါမိန့်မြွက်သောစကားကို အာရုံစိုက်နားထောင်၍ နာခံကြလော့။
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
အို မိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နားစွင့်ကြလော့။ သင်တို့၏သမီးပျိုတို့အား မြည်တမ်းခြင်းကို သင်ကြားပေးကြလော့။ မိန်းမအချင်းချင်း ငိုချင်းကို သင်ကြားပေးကြလော့။
စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
သင့်ရန်သူတို့သည် သင့်မြို့ကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် မြေပေါ်ခြေမချဖူးသည့် နူးညံ့သိမ်မွေ့သောမိန်းမပင်လျှင် မိမိရင်ခွင်၌ရှိသောယောက်ျား၊ မိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။