ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
ဟေရှာယ 32:16 - မြန်မာ့စံမီသမ္မာကျမ်း တရားမျှတခြင်းသည် တောကန္တာရ၌တည်၍ ဖြောင့်မတ်ခြင်းသည် သီးနှံဖြစ်ထွန်းသောမြေ၌ တည်ရှိလိမ့်မည်။ Common Language Bible တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။- Garrad Bible ထို ကာ လ၊ တ ရား စောင့် ခြင်း သည် တော ရောက် တည် လျက်၊ ဖြောင့် မတ် ခြင်း လည်း ခြံ ရောက် နေ လျက်၊ ဖြောင့် မတ် ခြင်း၏ အ ကျိုး ဆက် ကား၊ Judson Bible ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။ |
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
တရားပလ္လင်ပေါ်ထိုင်သောသူအတွက် တရားမျှတခြင်းဝိညာဉ်၊ မြို့တံခါး၌ ရန်သူကိုတွန်းလှန်သောသူတို့အတွက် ရဲစွမ်းသတ္တိ ဖြစ်တော်မူမည်။
ထာဝရဘုရားသည် မြင့်မြတ်တော်မူသည်ဖြစ်၍ မြင့်ရာအရပ်၌ကိန်းဝပ်တော်မူ၏။ ဇိအုန်တောင်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းဖြင့် ပြည့်စေတော်မူ၏။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
တောကန္တာရနှင့် တောကန္တာရရှိမြို့များ၊ ကေဒါအမျိုးနေထိုင်သောရွာများသည် မိမိတို့အသံကို လွှင့်ကြပါစေ။ သေလမြို့သားတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ တောင်ထိပ်တွင် ကြွေးကြော်ကြပါစေ။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
သင်သည် ငါ၏ပညတ်ချက်တို့ကို အာရုံစိုက်နားထောင်ခဲ့လျှင် သင်၏ကောင်းကျိုးချမ်းသာသည် မြစ်ရေကဲ့သို့ဖြစ်မည်။ သင်၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့ဖြစ်မည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ထာဝရဘုရားက ‘ဇိအုန်မြို့သို့ ငါပြန်လာမည်။ ဂျေရုဆလင်မြို့တွင် ကိန်းဝပ်မည်။ ဂျေရုဆလင်မြို့သည် သစ္စာစောင့်သောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တောင်တော်၊ သန့်ရှင်းသောတောင်တော်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။