အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။”
ဟေရှာယ 3:17 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ငါသည်သူတို့အား ဦးပြည်း ခေါင်းတုံးရိတ်၍အပြစ်ပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် သ တို့ သ မီး တို့ ကို၊ တစ် ခေါင်း လုံး အ မာ ရွတ် ဖြစ် စေ၍ အ ဝတ် အ ချည်း စည်း ထား လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှအဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ |
အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။”
အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
ထိုနေ့ရက်၌ ဘုရားရှင်သည် သူတို့၏တင့်တယ်သောခြေချင်း၊ ခေါင်းစည်း၊ လခြမ်းကွေးလည်ဆွဲ၊
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
ကျောဘုသူ၊ အရပ်ပုသူ၊ မျက်လုံးပုံပျက်သူ၊ နှင်းခူပေါက်သူ၊ ယားနာပေါက်သူ၊ ဝှေးစေ့ပျက်သူစသည့် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မချဉ်းကပ်ရ။
အို ရှဖိရမြို့သူ၊ အဝတ်အချည်းစည်းဖြင့် အရှက်ကွဲလျက် ထွက်သွားလော့။ ဇာနန်မြို့သူ ထွက်မလာဝံ့။ ငိုကြွေးနေသောဗေသဇေလမြို့သားတို့၊ သင်တို့ကို ကာကွယ်သူမရှိတော့ပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။