ဟေရှာယ 3:17 - Common Language Bible17 သို့ရာတွင်ငါသည်သူတို့အား ဦးပြည်း ခေါင်းတုံးရိတ်၍အပြစ်ပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် သ တို့ သ မီး တို့ ကို၊ တစ် ခေါင်း လုံး အ မာ ရွတ် ဖြစ် စေ၍ အ ဝတ် အ ချည်း စည်း ထား လိမ့် မည် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှအဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-
ထာဝရဘုရားက``ယေရုရှလင်မြို့သူတို့ သည်အဘယ်မျှမာန်မာနကြီးလျက်နေသည် ကိုကြည့်ကြလော့။ သူတို့သည်လည်ကိုမော်၍ သွားလာတတ်ကြ၏။ အစဉ်ပင်လျှပ်ပေါ်လော် လီကာနေကြ၏။ သူတို့၏ခြေလှမ်းကလေး များသည်သာယာညင်းပျောင်းလှ၍ သူတို့၏ ခြေချင်းများသည်လည်းတချွင်ချွင်မြည် လျက်ရှိ၏။-
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-