မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
ဟေရှာယ 29:20 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကြမ်းကြုတ်သောသူတို့သည် ရှိတော့မည်မဟုတ်။ ပြက်ရယ်ပြုတတ်သောသူတို့သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒုစရိုက်ပြုရန် ချောင်းမြောင်းနေသောသူ၊ Common Language Bible သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။- Garrad Bible အ သို့ ဆို သော် ကြမ်း ကြုတ် သူ တို့ တိမ် ကော ကြ ပြီ။ လူ သ ရော် တို့ လည်း ကွယ် ပျောက် ကြ ပြီ။ သူ တစ် ထူး ကို အ မှု ရောက် စေ လျက် မြို့ တံ ခါး ဝ တွင် ခုံ သ မတ် ပြု သူ့ ကို ဖမ်း မည် ကြံ လျက်၊ ဖြောင့် မတ် သူ ကို အ ကြောင်း မဲ့ ရှုံး စေ လျက်၊ အ ပြစ် ဒု စ ရိုက် ရှာ ကြံ သူ တိုင်း၊ ပယ် ရှား ခံ ရ လေ ပြီ။ Judson Bible အကြောင်းမူကား၊ ကြောက်မက်ဖွယ်သောသူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊ |
မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။
ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။
သို့သော် သင့်ရန်သူအလုံးအရင်းသည် ဖုန်မှုန့်ကဲ့သို့ဖြစ်မည်။ ကြမ်းကြုတ်သူအလုံးအရင်းသည် လွင့်မျောနေသောဖွဲကဲ့သို့ ဖြစ်မည်။ ထိုကဲ့သို့ ရုတ်ခြည်းဖြစ်မည်။
ထာဝရဘုရားက “အကယ်စင်စစ် ငါသည် စစ်သူရဲဖမ်းခေါ်သွားသောသူကို ဆောင်ယူခဲ့မည်။ ကြမ်းကြုတ်သောသူထံမှ လုယူပစ္စည်းကို ပြန်သိမ်းယူမည်။ သင့်ကိုရန်ပြုသောသူအား ငါကိုယ်တော်တိုင် ရန်ပြုမည်။ သင်၏သားသမီးတို့ကို ငါကိုယ်တော်တိုင် ကယ်တင်မည်။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဤလူတို့အပေါ်ဘေးအန္တရာယ်ကျရောက်စေရန် ငါစီရင်ပြီ။ သင်တို့သည် ထိုဘေးကို သင်တို့လည်ပင်းမှ ဖယ်ရှားနိုင်မည်မဟုတ်။ ဘေးအန္တရာယ်ကျရောက်ရာကာလဖြစ်သောကြောင့် ထောင်လွှားသွားလာနိုင်ကြမည်မဟုတ်။
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။
ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။