အို အမေ့ခံရသောပြည့်တန်ဆာမ၊ စောင်းကိုယူ၍ မြို့ထဲတွင်လှည့်ပတ်လော့။ သာသာယာယာတီးခတ်လော့။ သီချင်းများများသီဆိုလော့။ သို့မှ သင့်ကို သတိရကြမည်။
ဟေရှာယ 23:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ တိုင်ရာမြို့သည် ရှင်ဘုရင်တစ်ပါး၏နန်းသက်အတိုင်း နှစ်ပေါင်းခုနစ်ဆယ် မေ့လျော့ခြင်းခံရမည်။ နှစ်ပေါင်းခုနစ်ဆယ်အဆုံး၌ တိုင်ရာမြို့သည် သီချင်းထဲက ပြည့်တန်ဆာမကဲ့သို့ ဖြစ်မည်။ Common Language Bible ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။ Garrad Bible ထို ကာ လ၊ မင်း တစ် ပါး အ သက် တမ်း အ လျောက်၊ အ နှစ် ခု နစ် ဆယ် ပတ် လုံး တု ရု မြို့ ကို သ တိ မ ထား ကြ။ ထို အ နှစ် ခု နှစ် ဆယ် ကုန် လွန် ပြီး မှ၊ သ တိ မဲ့ စွာ၊ ခံ ခဲ့ ရှာ သည်၊ ပြည် တန် ဆာ မ၊ အို မိန်း မ၊ သ တိ ရ လို၊ စောင်း ကို ကိုင် ကာ၊ မြို့ လမ်း မှာ ပင်၊ သာ ယာ သံ ချို၊ ဖွဲ့ သီ ဆို လော့၊ ဟူ သော ပြည် တန် ဆာ မ တေး က ဗျာ အ တိုင်း၊ တု ရု မြို့၌ ဖြစ် လိမ့် မည်။ Judson Bible ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တစ်ဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ် ခုနစ်ဆယ်လွန်သောအခါ၊ ပြည့်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။ |
အို အမေ့ခံရသောပြည့်တန်ဆာမ၊ စောင်းကိုယူ၍ မြို့ထဲတွင်လှည့်ပတ်လော့။ သာသာယာယာတီးခတ်လော့။ သီချင်းများများသီဆိုလော့။ သို့မှ သင့်ကို သတိရကြမည်။
နှစ်ပေါင်းခုနစ်ဆယ်အဆုံးတွင် ထာဝရဘုရားသည် တိုင်ရာမြို့ကို အကြည့်အရှုကြွလာတော်မူမည်။ ထိုမြို့သည် တစ်ဖန် အခကြေးငွေနောက်သို့ လိုက်ပြန်၍ ကမ္ဘာမြေပြင်ပေါ်ရှိ တိုင်းနိုင်ငံအားလုံးတို့နှင့် ကာမဂုဏ်ခံစားလိမ့်မည်။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။
တာရှုသင်္ဘောတို့သည် သင့်ကို ကုန်စည်ကူးသန်းပေး၏။ သင်သည် ကြွယ်ဝပြည့်စုံပြီး ပင်လယ်ပြင်တွင် အလွန်ဂုဏ်ကျက်သရေရှိ၏။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။