ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ဟေရှာယ 21:13 - မြန်မာ့စံမီသမ္မာကျမ်း အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။ Common Language Bible ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊- Garrad Bible သဲ က န္တာ ရ ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား၊ အို ခ ရီး သည် ဒေ ဒန် လူ စု တို့၊ သင် တို့ သည် က န္တာ ရ သဲ တော၌ ပင် တည်း ခို ရ ကြ လိမ့် မည်။ Judson Bible အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေရကြမည်။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယုတ်ရှန်သည် သားရှေဘနှင့်ဒေဒန်ကိုရ၏။ ဒေဒန်မှဆင်းသက်လာသောသူများမှာ အာရှုရိမ်လူမျိုး၊ လေတုရှိမ်လူမျိုးနှင့် လုမ်မိမ်လူမျိုး တို့ဖြစ်ကြ၏။
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
အာဗြဟံ၏မယားငယ် ကေတုရမွေးဖွားသောသားများမှာ ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ ဖြစ်ကြ၏။ ယုတ်ရှန်သားများမှာ ရှေဘနှင့် ဒေဒန် တို့ဖြစ်ကြ၏။
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။
အို ဒေဒန်မြို့သူမြို့သားတို့၊ နောက်ဆုတ်ထွက်ပြေးကြ။ ပုန်းအောင်းနေကြ။ အကြောင်းမူကား သူ့ကိုဒဏ်ခတ်သောအချိန်၌ ဧသောခံရသောဘေးဒုက္ခမျိုးကို သူ့အပေါ်သက်ရောက်စေမည်။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။