အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန်သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊
အာရှုရိဘုရင်သာဂုန်၏အမိန့်တော်အရ အာရှုရိတပ်မတော်ဦးစီးချုပ်သည်ဖိလိတ္တိ ပြည်၊ အာဇုတ်မြို့ကိုတိုက်ခိုက်လေသည်။-
အာ ရှု ရိ ဘု ရင် သာ ဂုန် မင်း စေ လွှတ် သော တာ တန် ဘွဲ့ ခံ ဗိုလ် မင်း သည်၊ အာ ဇုတ် မြို့ ကို လုပ် ကြံ ရန် ချီ တက် လာ ရောက် သော နှစ် တွင်၊
အာရှုရိရှင်ဘုရင် သာဂုန်စေလွှတ်သောဗိုလ်မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသောနှစ်တွင်၊
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။
အို မြို့တံခါး၊ ညည်းတွားငိုကြွေးလော့။ အို မြို့၊ အော်ဟစ်လော့။ မြောက်အရပ်မှမီးခိုးထွက်လာ၏။ စစ်သည်အလုံးအရင်းတွင် တစ်ယောက်တည်းကွဲထွက်သွားသောသူမရှိ။ ထို့ကြောင့် ဖိလိတ္တိပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြ၏။
အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊
အာဇုတ်မြို့သားများနှင့် အာရှကေလုန်မြို့မှ ရာဇလှံတံစွဲကိုင်သူကို ဖယ်ရှားပစ်မည်။ ကြွင်းကျန်ရစ်သောဖိလိတ္တိလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဧကြုန်မြို့ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။
ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။
ထာဝရဘုရားထံ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဖိလိတ္တိလူမျိုးတို့ ပို့လိုက်သော ရွှေပလိပ်နာဖုအရုပ်များမှာ အာဇုတ်မြို့အတွက် တစ်ခု၊ ဂါဇမြို့အတွက် တစ်ခု၊ အာရှကေလုန်မြို့အတွက် တစ်ခု၊ ဂါသမြို့အတွက် တစ်ခု၊ ဧကြုန်မြို့အတွက် တစ်ခုဖြစ်၏။