Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 20:1 - Common Language Bible

1 အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အာ ရှု ရိ ဘု ရင် သာ ဂုန် မင်း စေ လွှတ် သော တာ တန် ဘွဲ့ ခံ ဗိုလ် မင်း သည်၊ အာ ဇုတ် မြို့ ကို လုပ် ကြံ ရန် ချီ တက် လာ ရောက် သော နှစ် တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အဆီးရီးယား​ဘုရင်​သာဂုန်​မင်းကြီး​စေလွှတ်​သော တာတန်​သည် အာဇုတ်​မြို့​သို့​လာ​ပြီး အာဇုတ်​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​သော ထို​နှစ်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 20:1
9 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-


သြ​ဇိ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား စစ် ဆင်​တိုက်​ခိုက်​ကာ ဂါ​သ​မြို့၊ ယာ​ဗ​နေ​မြို့​နှင့် အာ​ဇုတ်​မြို့​တို့​၏​မြို့​ရိုး​များ​ကို​ဖြို​ချ​ပြီး လျှင်​အာ​ဇုတ်​မြို့​အ​နီး​နှင့်​ဖိလိတ္တိ​ပြည်​အ​ခြား ဒေ​သ​များ​၌​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့ များ​ကို​တည်​ထောင်​တော်​မူ​၏။-


အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။


အာ​ဇုတ်​နှင့်​အာ​ရှ​ကေ​လုန်​မြို့​များ​၌​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ဧ​ကြုန်​မြို့ ကို​လည်း​ငါ​ဒဏ်​ခတ်​မည်။ ကျန်​ကြွင်း​နေ သူ​ဖိ​လိတ္တိ​မှန်​သ​မျှ​လည်း​သေ​ရ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။


ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ